0

Friday, December 13, 2013

ဆောင်းရာသီကာလအတွင်း ဖြစ်ပေါ်တဲ့ နှင်းမုန်တိုင်းတွေကြောင့် ဆီးရီးယားစစ်ပြေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက အထူးစိုးရိမ်မကင်း ဖြစ်နေပါတယ်။

ဆီးရီးယား စစ်ပြေးဒုက္ခသည်အယောက်ပေါင်း ၂ သန်းကျော် ခိုလှုံနေတဲ့ တူရကီ၊ လက်ဘနွန်၊ ဂျော်ဒန်နဲ့ တခြားအိမ်နီးချင်းနိုင်ငံတွေမှာ နှင်းတွေ ထူထပ်စွာ ကျရောက်နေပြီး ဒုက္ခသည်အများစုဟာ ယာယီတဲတွေမှာသာ နေထိုင်ကြရတဲ့အတွက် ကုလသမဂ္ဂက စိုးရိမ်နေတာ ဖြစ်ပါတယ်။

အအေးဒဏ်ကြောင့် ကလေးငယ်တချို့လည်း သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။

ဆီးရီးယားဒုက္ခသည်တွေဟာ စိုစွတ်ဒဏ်၊ လေအေးတိုက်တဲ့ဒဏ်နဲ့ အအေးဒဏ်ကို ခါးစီးခံနေရသလို ဆိုးဝါးတဲ့ ရာသီဥတု အခြေအနေကြောင့် ဒုက္ခသည်တွေကို ရိက္ခာပို့ဆောင်ပေးမယ့် လေယာဉ်တွေလည်း ထွက်ခွာလို့မရတဲ့အတွက် ကူညီထောက်ပံ့ရေးပိုင်းမှာလည်း အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ အေဘီစီသတင်းထောက် Hayden Cooper က သတင်းပေးပို့ထားပါတယ်။

Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :radioaustralia

Post a Comment

 
Top