အယ်ဒီတာ့အာဘော် ကဏ္ဍ
ယနေ့ရန်ကုန်တွင် ယာဉ်ကြောကျပ်မှုကို အကာ အကွယ်ပေး လျှော့ချရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသည့် ခုံးကျော်တံတား သုံးစင်းကို ဖွင့်လှစ်ပေးခဲ့ပြီဖြစ်သည်။ ပထမ လှည်းတန်းခုံးကျော် တံတား၊ ဒုတိယ ဘုရင့်နောင်ခုံးကျော်တံတားနှင့်
ထိုတံတားသုံးစင်းပြီးလျှင် ရန်ကုန်မြို့ ၏ ယာဉ်ကြောကျပ်မှု အတော်အတန် သက်သာပြေ လည်သွားလိမ့်မည်ဟု ယူဆထားကြသော်လည်း တကယ် တမ်းတွင် ထိုသို့ဖြစ်မလာသည်ကို တွေ့ရပါသည်။ ဥပမာ အားဖြင့် ရွှေဂုံတိုင် ခုံးကျော် တံတား ဖွင့်လိုက်သည့်အ တွက် တံတားပေါ်မှ ပြုံဆင်းလာသည့် ကားများကြောင့် ကမ္ဘာအေးဘုရားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့် ရှိ ကုက္ကိုင်းမီးပွိုင့်တွင် သိသိသာသာ အချိန်ကြာမြင့်စွာ ပင် ယာဉ်ကြောကျပ်မှု ကို စတင်ခံစားလာရသည်ကို တွေ့ရသည်။
ဒါက ဒီဘက်ပိုင်းတံတားအဆင်း အကျိုး သက်ရောက်မှု ဖြစ်သည်။ ဟိုးတစ်ဖက်က ဇီဝိတဆေးရုံ အဆင်းမှသည် မြေပဒေသာကျွန်းမီးပွိုင့်ထိပ် အထိ အ လားတူ တွေ့ရသည်။
ကုက္ကိုင်းမီးပွိုင့်သည် ရွှေဂုံတိုင် တံတား အဆင်း မှ ပြုံကျလာသော ကားများကို ဦးစားပေးရှင်းနေရခြင်း ကြောင့် လှည်းတန်းမီးပွိုင့်နှင့် ကုက္ကိုင်းမီးပွိုင့်ကြားတွင် နာရီဝက်၊ ၄၅ မိနစ်ခန့် ကြန့်ကြာတတ်သည့် ယာဉ် ကြောရှည်ပိတ်ဆို့မှုကြီး နေ့စဉ်ဖြစ်ပေါ်နေတော့သည်။
လှည်းတန်းခုံးကျော် တံတားအဆင်းများတွင်လည်း ထို နည်းတူတွေ့ရသည်။ မာလာဆောင်ရှေ့ တံတားအဆင်း လောက်မှ အင်းလျားမီးပွိုင့်ခံထား သည်ဖြစ်ရာ ထိုမီးပွိုင့် အလွန် အင်းလျားကန်ရှေ့တွင်လည်း ကားများ ပြုံတိုး ကျပ်ညပ်နေသည်ကို တွေ့နိုင်သည်။ တစ်ဖက် နာနတ် တောအဆင်းမှ ဟံသာဝတီအဝိုင်းတွင်လည်း ထိုနည်း လည်းကောင်းပင်။
ဘုရင့်နောင်ခုံးကျော်တံတား အခြေအနေကလည်း သိပ်မထူးလှဟု ကားသမားများက ပြန်ဖြေကြသည်ကို တွေ့ရပါသည်။
တကယ်တော့ မြန်မာနိုင်ငံ ၏ ပေါ်လစီ မရှိသော ကားမူဝါဒကြောင့်ဟု တချို့က သုံးသပ်ကြသည် ကို တွေ့ရပါသည်။ ဒါကြောင့် ထင်သည်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရက တက္ကစီတင်သွင်းခွင့်ကို ရပ်ဆိုင်းလိုက် သည်ကိုတွေ့ရသည်။ တချို့ ရန်ကုန်တွင် တက္ကစီစီးရေ ၆၀၀၀၀ ကျော်ရှိသည်။
ဘန်ကောက်ထက်ပင် များနေ သည်ဟုလည်း ပြောကြတာတွေ့ရပါသည်။ ထိုသို့ဆိုလျှင် ကိုယ်ပိုင်ကားစီးရေ မည်မျှရှိမည်နည်း။ တက္ကစီတွေ ကြောင့် ယာဉ်ကြောကျပ်သည်ဟု ပြောလို့ဖြစ်နိုင်မည် မထင်ပါ။
ယခုအခါ ရန်ကုန်မြို့၏ ချောင်ကြိုချောင်ကြား လမ်းများပါမကျန် လမ်းအားလုံး ကား ကျပ်နေကြသည် ကိုတွေ့နိုင်သလို လမ်းကြိုလမ်းကြား မှာပါ မကျန် ကား အရောင်းပြခန်းများ တင်းကြမ်းနေသည်ကို တွေ့နိုင်ပါ သည်။ ဆိုတော့ ဒီလိုမြို့မျိုးမှ ယာဉ်ကြောမကျပ်၊ ကား မကျပ်လျှင် အဘယ်မြို့မျိုး ကားကျပ်မည်နည်း။ အစိုးရ သည် ကားတွေကို ဗုံးပေါလအောသာ တင်သွင်းခွင့်ပြု လိုက်သော်လည်း ကားပါကင်ဆောက်ရန်တော့ အစီ အစဉ်မရှိပါ။ စိတ်မဝင်စားပါ။
ဘန်ကောက်လေဆိပ်မှ ထွက်လိုက်လျှင် ကားပါကင်ကြီးတွေကို အထပ် လိုက် အထွေးလိုက် တွေ့မြင်နိုင်ပါသည်။ အစိုးရ၏ ရန်ကုန်မြို့ တော် ဖွံ့ဖြိုးရေး အစီအစဉ်များတွင်လည်း ကားပါကင် ဆောက်လုပ်ရေးလေသံမျှပင် မကြားရတတ်ပါ။ ခုံး ကျော်တံတားများသည် ယာဉ်ကြောကျပ်မှုဖြေရှင်းရေး အတွက် ဆေးမြီး တိုကုထုံးမျှသာ ဖြစ်ပါသည်။
ယာဉ်ကြော ကျပ်မှုပြဿနာသည် ထိုမျှဖြင့် လွယ်လွယ်ဖြေရှင်း၍ ရမည့် ပြဿနာမဟုတ် သည်ကို ခုံးကျော်တံတားများ ပြီးစီးသွားသော်လည်း မပြေလည်သေး သည့် မြင် ကွင်း များက သက်သေခံနေပါကြောင်း။
အယ်ဒီတာ
ဒီဇင်ဘာ ၆၊ ၂၀၁၃
အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/
Post a Comment