0


နေပြည်တော်၊ ဒီဇင်ဘာ ၁

၂၉-၁၁-၂၀၁၃ ရက်နေ့ ၂၃၄၀ အချိန် အမှတ်(၄၂)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များနှင့် လမ်းမတော်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လမ်းမတော်မြို့နယ်၊ (၂)ရပ်ကွက်၊ ကိုင်းတန်းလမ်းနေ အောင်ထွန်းသိန်း(၄၁)နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ အောင်ထွန်းသိန်းအား နေအိမ်တွင်တွေ့ရှိရပြီး နေအိမ်အတွင်းမှWY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၂၇၃ ပြား၊ တန်ဘိုးငွေကျပ်(၆၃၆၅၀၀၀ိ/-)နှင့် ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့်(၀.၁)ဂရမ်ပါ ၁ ဗူး၊ တန်ဘိုး ငွေကျပ်(၁၀၀၀၀ိ/-)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် အောင်ထွန်းသိန်းအား လမ်းမတော် မြို့မရဲစခန်း မယ(ပ)၃/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အေးချမ်းမွန် Credit To > ရဲဇာနည် < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top