0

ရန်ကုန်မြို့ သံရုံးများ လုံခြုံရေးကို အဆင့်မြင့်ရဲကင်းများနှင့် စတင်ပြု လုပ် နေပြီဖြစ်ကြောင်း ရဲတပ်ရင်းဌာနချုပ် ရဲမှူးကြီးသက်လွင်ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ သံရုံး များရှေ့တွင် သံရုံးသံတမန်လုံခြုံရေး အတွက် ယခင်ကရဲကင်းငယ်လေးများ ထားရှိရာမှ လက်ရှိတွင်အဆင့်မြင့်ရဲ ကင်းငယ်လေးများအဖြစ် လုပ်ဆောင် ပေးခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ သံရုံး ပေါင်း ၃၉ ရုံးရှိရာ မြေနေရာပေးသော သံရုံးများ၌သာ ဆောက်လုပ်သွားမည် ဖြစ်ပြီး မြေနေရာမပေးသော သံရုံးများ တွင်မူ ဆောက်လုပ်သွားမည်မဟုတ်ဟု သိရသည်။ ယခု ရဲကင်းငယ် ၆ လုံး ဆောက်လုပ်ပြီးရာ ခန့်မှန်းခြေအားဖြင့် ၂၈ လုံးခန့် ဆောက်လုပ်ရန် ရှိသေး ကြောင်း ၄င်းထံမှသိရသည်။

လက်ရှိတွင် သံရုံးသံတမန်လုံခြုံ ရေးအတွက် အမှတ်(၆) ရဲတပ်ရင်းမှ ရဲ တပ်သားများက တာဝန်ယူသွားမည်ဟု သိရသည်။

ယခင်က ရဲကင်းငယ်များမှာ သစ် သားများဖြင့် ပြုလုပ်ထားပြီး ယခုအဆင့် မြင့်ရဲကင်းများမှာသံထည်ဖြင့် ပြုလုပ်ထားသည်ဟု ဆိုသည်။

”ဝန်ကြီးက အရင်ကနေတဲ့ရဲကင်း တွေကို အဆင့်မြှင့်ပေးတာ နိုင်ငံတော် ဝင်ငွေနဲ့ပါ”ဟု ရဲမှူးကြီးသက်လွင်က ပြောသည်။

၎င်းအဆင့်မြင့်ရဲကင်းများတွင် ခုတင်နှစ်လုံးပါဝင်ပြီး ၎င်းခုတင်များအား ရဲတပ်ရင်းများ၏ ဝင်ငွေဖြင့်နှစ်ထပ် ခု တင်များအဖြစ် ဆောက်လုပ်သွားရန် အစီအစဉ်ရှိကြောင်း ရဲမှူးကြီးသက်လွင်ထံမှသိရသည်။

ဇေဝေယံ

အေးချမ်းမွန် Credit To > Popular Myanmar News Journal < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top