မုံရွာမြို့ ပြည်သူ့ ဆေးရုံ ဆေးရုံအုပ်ကြီး လုပ်ရပ်ဖြစ်သော ငါ့မြင်းငါစိုင်းလုပ်ရပ်ကြောင့် 
ဆေးရုံ ဝန်ထမ်းများ ဆေးကုသ မြို့ ခံများ ထိခိုက်နစ်နာမှုများရှိနေ
မုံရွာမြို့ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီး တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာသန်းထွဋ် သည်မုံရွာဆေးရုံမှတင်ဒါအပါအဝင်လုပ်ပိုင်ခွင့်များကိုဘောင်ကျော်လွန်ကာလိုအပ်သည်ထက်ပိုကာ မတရားအကွက်ဆင်ဆောင်ရွက်နေသောကြောင့် ဆေးရုံမှကျန်းမာရေးဝန်ထမ်းများ၊ဒေသတွင်း ဆေးကုသသူများ အပါအဝင် ပြည်သူ့ဘဏ္ဍာများနစ်နာနေကြောင်းသိရသည်။
တစ်နိုင်ငံလုံးရှိဝန်ကြီးဌာနတည်ဆောက်ရေးလုပ်ငန်းများတွင်တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင်သာမှုအတွက်ဖော်ထုတ်လုပ်ဆောင်နေသော်လည်းမုံရွာဆေးရုံအုပ်ကြီးမှာမူယခုနှစ်အတွင်းပြီးစီးခဲ့သောဆေးရုံအဆောက်အုံဆေးသုတ်လုပ်ငန်းကို ကျပ်သိန်းရာချီကျသော်လည်း တင်ဒါမပေးဘဲ ကိုယ်တိုင်လုပ်ငန်းယူကာလုပ်ဆောင်ခဲ့မှုနှင့်ပတ်သတ်၍ ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း
“သူများဌာနတွေမှာ လုပ်ငန်းတစ်ခုအတွက် ဘတ်ဂျက်တစ်ခုကျရင် ရိုးရိုးသားသားတင်ဒါပစ်တာတို့ 
ယုတ်စွအဆုံးခရိုနီနဲ့ပေါင်းပြီးတော့လုပ်ငန်းချပေးပြီးဝေစားမျှစားတို့လုပ်ပြီးမှ ယူကြတယ်။ကျွန်တော်တို့ မုံရွာဆေးရုံက ဆရာကြီး ဒေါက်တာသန်းထွဋ်ကတော့  သူတစ်ယောက်တည်းခရိုနီလုပ်တယ်။ရသလောက်အိတ်ထဲထည့် တယ်။စိတ်ပျက်ဖို့ ကောင်းတယ်။ပြီးခဲ့တဲ့ နှစ်က လက်ပံတောင်းတောင်မီးလောင်ဗုံးဒဏ်ရာရသံဃာတော်တွေကို မန္တလေးက လုပ်ငန်းရှင်အလှုရှင်တွေက ဘီတာဒင်းဆေးရည်ဂါလံပုံးတွေ ၁၂သိန်းဖိုး လာပြီးလှူဒါန်းသွားတာ မန္တလေးကို အစောဆုံးပြန်ရမှာမို့ ဆေးရုံအုပ်ကြီးကို တိုက်ရိုက်လှူဒါန်းတာ
ဆေးရုံအုပ်ကြီးက လက်ခံခဲ့ တယ်။ကျန်းမာရေးဒုဝန်ကြီးက ငွေလာလှူတော့  ဆေးဝယ်သလောက်ဝယ်ပေမဲ့  မန္တလေးက လာလှူတဲ့  ဆေးရည်တွေနဲ့  အစားထိုးခဲ့ သေးပါတယ်။”ဆိုကာတုံ့ ပြန်ပြောကြားခဲ့သေးသည်။
မုံရွာဆေးရုံကြီးတွင် ယခင်ဆရာဝန်ကြီးများလက်ထက်က ဆေးရုံအတွက်လှူဒါန်းလေ့ ရှိသော သူဌေးများက လည်း ဒေါက်တာသန်းထွဋ် တာဝန်ကျနေသ၍ ဆက်လက်လှူရန် အစီစဉ်မရှိကြောင်းပြောခဲ့ပြီး မုံရွာဆေးရုံကြီးမှ မနိုင်သောလူနာများ မန္တလေးပြောင်းရွှေ့ ရာတွင်ဆေးရုံအုပ်ကြီးလက်မှတ်ပါမှ သွားရမည်ဖြစ်ရာ ဆေးရုံအုပ်ကြီးရုံးခန်းတွင် ဧည့် သည်ဖိနပ် ရုံးခန်းဝတွင်ရှိပါက မည်မျှအရေးကြီးပါစေဝင်ရောက်လာသောဆေးရုံဝန်ထမ်းများကို အာဏာရှင်ပမာကြိမ်းမောင်းလေ့ ရှိ၍ ပြောင်းရွှေ့ လူနာများ များစွာအခက်တွေ့ရပြီး ဆေးရုံအုပ်ကြီးကို မည်သူမျှမပြောရဲကြောင်းသိရပါသည်။
အေးချမ်းမွန် Credit To >ThanLarWaddy Times< Thankhttps://www.facebook.com/excellencemedia

Post a Comment