0


ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စားသုံးဆီလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် အရည်အသွေး မြင့်မားရေးအတွက် လာမည့် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ် (UMFCCI) ၌ စားသုံးဆီ ကဏ္ဍရှိ လုပ်ငန်းရှင်များနှင့် ပညာရှင်များ တွေ့ဆုံဆွေးနွေး အဖြေရှာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသိန်းဟန် က ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးဆီ လုပ်ငန်းရှင်များ၊ ပြည်ပမှ စားသုံးဆီ တင်သွင်းသူများ၊ ဆီထွက်သီးနှံ စိုက်ပျိုးရေး ပညာရှင်များ၊ ဗဟို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနမှ ပညာရှင်များ၊ ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးရေးဌာနမှ ပညာရှင်များနှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးနှင့် လူမှုရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးတင်ထွဋ်ဦးတို့ တက်ရောက် ဆွေးနွေးမည်ဟု ၎င်းကဆိုသည်။

စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးရေးနှင့် အရည်အသွေး ဆိုင်ရာ ကိစ္စရပ်များကိုသာ အဓိကထား ဆွေးနွေးမည် ဖြစ်ပြီး ဆီလုပ်ငန်းရှင် အသင်း၏ (၂၁) ကြိမ်မြောက် အစည်းအဝေးကိုလည်း အဆိုပါနေ့တွင် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ဈေးကွက်အတွင်း၌ စားသုံးရန် မသင့်သည့်ဆီများ၊ အရောအနှော ဆီများနှင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော မြောင်းဆီများ ဝင်ရောက်မှု ရှိခဲ့ကြောင်းကို ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် စားအုန်းဆီကို အဓိက ထားစားသုံးလျက် ရှိပြီး တစ်နှစ်လျှင် တန်ချိန် ရှစ်သိန်းကျော် ရှိကြောင်း၊ တန်ချိန် ငါးသိန်းကျော်ကို ပြည်တွင်း၌ ထုတ်လုပ်၍ တန်ချိန် သုံးသိန်းကျော်ကို ပြည်ပမှ တင်သွင်းလျက် ရှိသည်ဟု မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ပြည်တွင်းသို့ ပုံမှန် ကုန်သွယ်ရေး လမ်းကြောင်းမှ ဆီတန်ချိန် နှစ်သိန်း နှစ်သောင်းခန့် ဝင်ရောက်လျက် ရှိပြီး နယ်စပ်မှ တန်ချိန် ရှစ်သောင်းခန့် ဝင်ရောက်လျက် ရှိသည်။ စားအုန်းဆီကို မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က တင်သွင်းပြီး မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များ အသင်း၏ ကိုယ်စားလှယ် အရောင်းဆိုင်များမှ တစ်ဆင့် ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။

Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :The Voice Weekly
https://www.facebook.com/excellencemedia
1

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top