0
ဒီကနေ့ ဒီဇင်ဘာ ၁ရက်နေ့မှာ ရွှေဂုံတိုင် ခုံးကျော် တံတားကို မော်တော်ယာဉ်တွေ စတင် သွားလာ ခွင့်ပြု လိုက်ပါတယ်။ ဒီရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၂ ခု ဒီဇင်ဘာ လကစပြီး စည်ပင်သာယာကြီးကြပ်မှုနဲ့ Capital Development ကုမ္ပဏီက တစ်နှစ်အတွင်းတည်ဆောက်ခဲ့တာ ဖြစ်ပြီး ကျပ် သန်းပေါင်း တစ်သောင်းခုနှစ်ထောင်ကျော် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ အခု တံတားကို ဂျပန်ရဲ့ နည်းပညာ အကူအညီနဲ့ မြန်မာ အင်ဂျင်နီယာတွေက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း ရန်ကုန်မြို့မှာ ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတား၊ လှည်းတန်း ခုံးကျော် တံတားနဲ့ အခုနောက်ဆုံး ရွှေဂုံတိုင် ခုံးကျော်တံတား တွေ တည်ဆောက်ခဲ့ပါတယ်။

အေးချမ်းမွန် Credit To >BBC Burmese < Thankhttps://www.facebook.com/excellencemedia
3

Post a Comment

 
Top