0
၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒုတိယမြောက်ရွှေတံဆိပ်ကို ခြင်းလုံးအားကစားနည်း အမျိုးသားအခြေခံအတွဲပြိုင်ပွဲမှ မြန်မာအမျိုးသားခြင်းလုံးအသင်းမှ ရရှိခဲ့ကြောင်း သိရသည်။ မြန်မာအမျိုးသားခြင်းလုံးအသင်းသည် နောက်ဆုံးပွဲငယ်တွင် ထိုင်းအသင်းကို (၂၂၈-၁၃၂)မှတ်၊ စုစုပေါင်းရမှတ်(၆၆၀-၄၀၄)မှတ်ဖြင့် အနိုင်ရရှိပြီး မြန်မာနိုင်ငံအတွက် ဒုတိယမြောက်ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group

Post a Comment

 
Top