Wednesday, December 4, 2013
ဘန်ကောက်မှာ အကြီးအကျယ် ဆန္ဒပြနေကြသူတွေက သူတို့ရဲ့လှုပ်ရှားမှုကို အရှိန်သတ်နေပါပြီ။
ဘာကြောင့်လဲလို့ဆိုတော့ ထိုင်းနိုင်ငံ ဘုရင်ရဲ့ မွေးနေ့ပွဲ အခါသမယ ရောက်လာလို့ပါပဲ။
မနေ့ကလည်း အစိုးရခေါင်းဆောင် ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်က ရဲတပ်ဖွဲ့ နောက်ဆုတ်လိုက်ဖို့ အမိန့်ပေးလိုက်ပါတယ်။
နောက်ဆက်တွဲရလဒ်ကတော့ အစိုးရရုံး၊ ရဲတပ်ဖွဲ့ဌာနချုပ်တို့ကို ဆန္ဒပြသူတွေက ၀င်ရောက် နေရာယူလိုက်ကြခြင်းပါ။
ဆန္ဒပြသူတွေမှာ လက်နက်တွေလည်းရှိနေပါတယ် တဲ့။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အကြမ်းဖက်မှုတွေရှိတဲ့အတွက် ၄ ဦးသေ၊ ၂၅၀ ထက် မနည်း ဒဏ်ရာရပြီးပါပြီ။
ဆိုခဲ့သလိုပဲ ထိုင်းဘုရင်မွေးနေ့ကာလဖြစ်တဲ့အတွက် နှစ်ဘက်စလုံး ကိုယ်ရှိန်သတ်နေတာပါ။
ထိုင်းတနိုင်ငံလုံး အလေးအမြတ်ထားကြတဲ့ ဘုရင်ကြီးရဲ့ မွေးနေ့က မနက်ဖြန် ဒီဇင်ဘာ ၅ ရက်နေ့ ကြာသပတေးနေ့ ဖြစ်ပါတယ်။
မူရင်းသတင်း Thai Violence Eases Ahead of King’s Birthday ကို ဧရာဝတီစာမျက်နှာ http://www.irrawaddy.org/asia/thai-violence-eases-ahead-kings-birthday.html မှာ ဖတ်နိုင်ပါတယ်။
ဝန်ကြီးချုပ်ဆင်းပေးဖို့ ဆန္ဒပြသူတွေက ဘန်ကောက်မှာ ရက်အတန်ကြာကတည်းက အပြင်းအထန် တောင်းဆိုနေကြတာပါ။
ဝန်ကြီးချုပ်ကတော့ ဆန္ဒပြသူတို့ရဲ့ဆန္ဒကို ငြင်းပယ်ထားပါတယ်။
ဆက်စပ် -
အစိုးရရုံးများ သိမ်းပိုက်လိုက်သည့် ထိုင်းဆန္ဒပြသူများ အနိုင်ရသည်အထိ ကြိုးစားမည်http://burma.irrawaddy.org/news/2013/12/03/51692.html
ဘန်ကောက်ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင်တွေကို ရင်ဆိုင်နေတဲ့ အမျိုးသမီးတဦး (Photo: Steve Tickner / The Irrawaddy)
အေးချမ်းမွန် Credit To > The Irrawaddy < Thankhttps://www.facebook.com/excellencemedia

Post a Comment