ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ပြည်တွင်းတွင် ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ထားသော ကိုကာကိုလာက အမေရိကန် အစိုးရထံ မြန်မာနိုင်ငံဆိုင်ရာ တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ခြောက်လပတ် အစီရင်ခံစာ တင်ပြထားကြောင်း Coca-Cola Myanmar မှ အုပ်ချုပ်မှု ဒါရိုက်တာ Coca-Cola Myanmar က The Voice သို့ ပြောကြားသည်။
စာမျက်နှာ ၂၉ မျက်နှာ ပါရှိသော အဆိုပါ အစီရင်ခံစာကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ အများပြည်သူ ကြည့်ရှု လေ့လာနိုင်ရန်http://burma.usembassy.gov/
“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ ဘယ်အမေရိကန် ကုမ္ပဏီတွေမဆို ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ငါးသိန်းကျော်ရင် ဒီအစီရင်ခံစာကို တင်ပေးရတယ်။ အမေရိကန် အစိုးရဘက်က ဘယ်လို ပြန်တုံ့ပြန်မယ် ဆိုတာကတော့ သေချာမသိသေးဘူး။ ဒါပေမဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ ဒီအစီရင်ခံစာကို ကျေနပ်မယ်လို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ အစီရင်ခံစာတွင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အလုံးစုံ စိစစ်မှုများနှင့် သုံးနှစ်ကြာ ပြုလုပ်ခဲ့သော ဖြေလျှော့ရေး ကြိုးပမ်းမှုများကို မှတ်တမ်း တင်ထားပြီး ကုမ္ပဏီ၏ အဓိက ရည်မှန်းချက်များဖြစ်သော မြန်မာနိုင်ငံအတွင်း လူသားနှင့် အလုပ်အကိုင် ဆိုင်ရာ အခွင့်အလမ်းများ၊ အဂတိ လိုက်စားမှု ပပျောက်ရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ဆိုင်ရာ အကျိုးသက်ရောက်မှု များအတွက် ကြိုးပမ်းနေမှုများကို ဖော်ပြထားသည်။
ထို့အပြင် Coca-Cola ကုမ္ပဏီက မြန်မာနိုင်ငံအတွင်း ဆောင်ရွက်ခဲ့သော စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဆောင်ရွက်ချက် များကို မှတ်တမ်းတင် ဖော်ပြထားပြီး ပြည်တွင်းသို့ စတင်ဝင်ရောက်စဉ်က ကြုံတွေ့ ခဲ့ရသော ကျား၊ မနှင့် အသက်အရွယ် ခွဲခြား ဆက်ဆံမှုများ၊ လာဘ်ပေးလာဘ်ယူမှု ဆိုင်ရာ ကိစ္စများ၊ ဥပဒေ၊ ကုန်သွယ်မှု၊ ဘဏ္ဍာရေးနှင့် အခြားကိစ္စရပ်များတွင် ကြုံတွေ့ခဲ့ရသော အခက်အခဲများ ဖြေရှင်းမှုများကို အသေးစိတ် ဖော်ပြထားသည်။
ကိုကာကိုလာသည် ပြည်တွင်းရှိ အချိုရည် ထုတ်လုပ်သူ ပင်းယ ကုမ္ပဏီနှင့် ဖက်စပ်ရင်းနှီး မြှုပ်နှံ၍ မှော်ဘီနှင့် လှိုင်သာယာတို့တွင် အချိုရည် ထုတ်လုပ်သည့် စက်ရုံနှစ်ရုံ ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လမှ စတင်ကာ Coca-Cola နှင့် Sprite အချိုရည်များ ထုတ်လုပ်ခဲ့သည်။
The Voice Weekly
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.