နေတိုးက ဒါရိုက်တာညိုမင်း လွင်နဲ့ ‘ရည်းစားဦးကျိန်စာ’ ဇာတ်ကား ကို ရိုက်ကူးနေပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးနေရင်း ပရိသတ်တွေ ရဲ့ တောင်းဆိုမှုအရ ရိန်မိုးနဲ့အတူ ‘ဖန် ဆင်းရှင်’ သီချင်းခွေကိုဒီဇင်ဘာ၂၄ ရက်နေ့မှာ ဖြန့်ချိဖို့စီစဉ်နေပါတယ်။ဟာမိုနီက အစကိုယ်တိုင် စီစဉ်ပါ ဝင် ဖြစ်တယ်လို့ပြောတဲ့ နေတိုးက “ကျွန် တော်သီချင်းခွေ ကတော့ ဒီဇင်ဘာ ၂ဝရက်ဝန်း ကျင်လောက် ထွက်ဖို့ စဉ်းစားထားတယ်။ စီဒီအနေနဲ့ အရင်ဆုံး ထွက်ပေမယ့် ဗီစီဒီကိုလည်း သိပ်အကြာ ကြီး မထားဘူး။ အမြန်ဆုံး ထွက်နိုင်အောင်လုပ်မှာ ပါ။ သီချင်း က Own Tune လေးတွေ ထပ်ဖြည့်ထား တယ်။ ဇာတ်ဝင်တေးကတော့ အများဆုံးပေါ့။ ကျွန် တော်က အတွဲ၂ပုဒ် အပါအဝင် ၅ပုဒ်ဆို ထားတယ်။ ကျွန်တော်တို့ သေသေချာချာလုပ်ထားတယ်။ တစ် ခွေလုံးမှာ ဟာမိုနီကို ကိုယ်တိုင်ပဲ ၂ယောက်စ လုံး လုပ်ထား တယ်။ တော်တော်လေးကို အချိန်ယူ အား စိုက်လုပ်ထားတယ်။ သီချင်း Title ကလည်း သီချင်း လည်းပါတော့ ပိုအဆင်ပြေတယ်လေ။ ဒီအခွေလေး က ကျွန်တော့်ဘဝမှာ အမှတ်တရ ဖြစ်မယ့် အခွေ လေးပါ။ ကျွန်တော် ရင်လည်းခုန်တယ်” လို့ပြောပြပါတယ်။နေတိုးက စင်ကာပူက ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ အတွက်လည်း စီစဉ်နေတယ်လို့ပြောပြ တာကြောင့် မေး ကြည့်ဖြစ်ေ တာ့ “ကျွန်တော် အငြိမ့်တွေ သွားကတဲ့အခါ ပရိသတ်တွေနဲ့တွေ့ရင် ခဏပဲတွေ့ရတာလေ။ အခုက စင်ကာပူမှာရှိတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံ ချင်လို့ ပါ။ စင်ကာပူက သူငယ်ချင်းတွေကလည်းလာ မယ်ဆိုစီစဉ်ပေးမယ်ဆိုတာနဲ့သွားဖို့ပါ။ဒါပေမဲ့ အကယ် ဒမီပွဲကလည်းရှိသေးတော့ရက်ကို သေသေ ချာချာ တော့မသိသေး ဘူး”လို့ပြောပြခဲ့ပါတယ်။
မေမွန်မောင်
အေးချမ်းမွန် Credit To > Popular Journal < Thankhttps://www.facebook.com/excellencemedia

Post a Comment