0


Created on Sunday, 01 December 2013 00:27 

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်၏ ဈာပန အခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်၌ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ရုပ်ကလာပ်အား မီးသဂြိုဟ်ကာ အရိုးပြာအိုးအား ရေဝေးသုသာန်ရှိ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်ကြည်၏ အုတ်ဂူဘေး၌ပင် ဂူသွင်းမှု ပြုလုပ်ခဲ့သည်။

အဆိုပါ ဈာပန အခမ်းအနားသို့ အခြားရဲဘော်သုံးကျိပ်ဝင် ပုဂ္ဂိုလ်များ၏ ကျန်ရစ်သူ မိသားစုများမှ လူကိုယ်တိုင် လိုက်ပါပို့ဆောင်ခြင်း၊ လွမ်းသူ့ပန်းခြင်းများ ပေးပို့ခြင်းများ လုပ်ဆောင်ခဲ့ပြီး ရဲဘော်သုံးကျိပ်ဝင် ဦးနေ၀င်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် မြေးဖြစ်သူ ဇွဲနေ၀င်းတို့လည်း လိုက်ပါပို့ဆောင် ခဲ့ကြသည်။
ဦးလေးတည်ထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် မိသားစု အဖွဲ့အနေနဲ့ ဆက်လက်တည်တံ့ဖို့လည်း ဆရာမကြီးတို့က ကြိုးစားနေပါတယ်။ ဆက်လက်ကြိုးစားပါမယ်။ အဖွဲ့ဝင် အားလုံးကလည်း ကြိုးစားနေပါတယ်။ ရဲဘော်သုံးကျိပ် ၀င်တွေဟာ ဒီနေရာပြီးရင် နောက်ဆုံးဖြစ်ပေမဲ့ ကျန်တဲ့သားသမီး၊ မြေး၊ မြစ်တွေက တိုင်းပြည်ဂုဏ်ဆောင်တဲ့ ဒီနာမည်ကို ဆက်လက်ထိန်းသိမ်း သွားပါမယ်။ အခုခေတ် လူငယ်တွေ အနေနဲ့ ဒီရဲဘော်သုံးကျိပ် အာဇာနည် ဆိုတာတွေကို နည်းနည်းပြန်ပြီး လေ့လာဖို့ လိုတယ် . . . . .

ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့တို့မှ သီးခြားစီ လွမ်းသူပန်းခြင်းများ ပို့ဆောင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ အဖွဲ့နာယက ဦးတင်ဦးသည်လည်း ဈာပန အခမ်းအနားသို့ လူကိုယ်တိုင် တက်ရောက်ခဲ့သည်။

ဗိုလ်ရဲထွဋ်သည် ရဲဘော်သုံးကျိပ်ဝင်များအနက် အသက်အငယ်ဆုံးနှင့် နောက်ဆုံးကျန်ရှိသူဖြစ်ကာ နိုဝင်ဘာ ၂၇ ရက် (အမျိုးသားနေ့) ညပိုင်းတွင် ရန်ကုန်မြို့ရှိ သုခကမ္ဘာ ဆေးရုံ၌ လူကြီးရောဂါဖြင့် အသက် ၉၂ အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

"ဦးလေး(ဗိုလ်ရဲထွဋ်)ကို အင်မတန်မှ ချစ်ခင်ကြည်ညို လေးစားပြီး ဦးလေးသင်ပြ ပြောဆိုသွားတဲ့ အတွက်ကြောင့် ရဲဘော်သုံးကျိပ်တွေ အကြောင်းကို သိခဲ့ရတယ်။ ဦးလေးတည်ထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် မိသားစု အဖွဲ့အနေနဲ့ ဆက်လက်တည်တံ့ဖို့လည်း ဆရာမကြီးတို့က ကြိုးစားနေပါတယ်။ ဆက်လက်ကြိုးစားပါမယ်။ အဖွဲ့ဝင် အားလုံးကလည်း ကြိုးစားနေပါတယ်။ ရဲဘော်သုံးကျိပ် ၀င်တွေဟာ ဒီနေရာပြီးရင် နောက်ဆုံးဖြစ်ပေမဲ့ ကျန်တဲ့သားသမီး၊ မြေး၊ မြစ်တွေက တိုင်းပြည်ဂုဏ်ဆောင်တဲ့ ဒီနာမည်ကို ဆက်လက်ထိန်းသိမ်း သွားပါမယ်။ အခုခေတ် လူငယ်တွေ အနေနဲ့ ဒီရဲဘော်သုံးကျိပ် အာဇာနည် ဆိုတာတွေကို နည်းနည်းပြန်ပြီး လေ့လာဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီစိတ်မကောင်းဘူး။ အန်တီ နယ်ဘက်တွေသွားရင် ရဲဘော်သုံးကျိပ်ဆိုတာ၊ တစ်ယောက်တည်းလား။ နှစ်ယောက်လား။ သုံးကျိပ်ဆိုတာ သုံးဆယ်ဆိုတာ။ ဒီသုံးဆယ်က စခဲ့တယ် ဆိုတာတောင် မသိကြတော့ဘူး" ဟု ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လင်္ကျာ၏သမီး ဒေါက်တာဒေါ်ခင်လင်္ကျာက ပြောကြားသည်။

ဗိုလ်ရဲထွဋ်ကို ၁၉၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို့ တာမွေလေး၌ ဦးတိုးလွင်၊ ဒေါ်စောရှင်တို့မှ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးအောင်သိန်းဖြစ်ကာ ရန်ကုန်မြို့ ကန်တော်လေး မြူနီစီပယ်ကျောင်းမှ ဆယ်တန်းအောင်ခဲ့ပြီး ၁၉၃၈-၄၀ ပြည့်နှစ်တွင် မြူနီစီပယ် ကျောင်းသားများ သပိတ်ခေါင်းဆောင်၊ မြူနီစီပယ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်ခဲ့ကာ ၁၉၄၁ ခုနှစ် ဧပြီ ၁၃ ရက်တွင် ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန် ဒုတိယ အသုတ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးကာလ ဘီအိုင်အေတွင် အမှတ် (၃) တပ်မဟာမှူး၊ ၁၉၄၃ ခုနှစ် ဘီဒီအေတွင် တပ်ရင်း (၁) တပ်ရင်းမှူးနှင့် စစ်ဌာနချုပ် အထွေထွေ ဌာနကြီးမှူး၊ ၁၉၄၅ ခုနှစ်တွင် မျိုးချစ်ဗမာ့ တပ်မတော် ပီဘီအက်ဖ်၌ ဖက်ဆစ်ဂျပန် တော်လှန်ရေး အမှတ် (၆) တိုင်းမှူး၊ ၁၉၄၆ ခုနှစ်တွင် ဗမာ့သေနတ်ကိုင် တပ်ရင်း၌ ဒုတိယ တပ်ခွဲမှူးမှ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် သနက (၃) ဒုတပ်ရင်းမှူး တာဝန်တို့ကို ထမ်းဆောင်ခဲ့ပြီး ၁၉၄၈ ခုနှစ် သြဂုတ်လတွင် ဦးနုအစိုးရကို ဆန့်ကျင်ကာ တောခိုခဲ့သည်။ တောတွင်း၌ ၁၅ နှစ်ခန့် နေထိုင်ခဲ့ပြီး ၁၉၆၃ တွင် ပြန်လည်အလင်း ၀င်ရောက်ခဲ့ကာ မဆလပါတီ ဌာနချုပ်တွင် ရေးရာကော်မတီ အတွင်းရေးမှူး ဖြစ်ခဲ့သော်လည်း ပါတီသန့်စင်ရေးတွင် လမ်းစဉ်ပါတီမှ ထုတ်ပယ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ယင်းအပြင် ဗိုလ်ရဲထွဋ်သည် သူရဲကောင်းတံဆိပ် (ဒုတိယအဆင့်)၊ အရေးတော်ပုံတံဆိပ်၊ လွတ်မြောက်ရေးတံဆိပ်၊ လွတ်လပ်ရေး မော်ကွန်းဝင် (ပထမအဆင့်)၊ နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမအဆင့်)စသည် ဆုတံဆိပ် အများအပြား ရရှိခဲ့ကာ ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ ဖွဲ့စည်းရာတွင် အဖွဲ့နာယကအဖြစ် တာဝန်ယူခဲ့ပြီး အဆိုပါ အဖွဲ့မှ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်သည့်အခါ Power Politics မလုပ်ရန် ဆုံးဖြတ်ထားသဖြင့် ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာတွင် အဖွဲ့မှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top