0


ရန်ကုန်၊ ဒီဇင်ဘာ ၂

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရန်ကုန်စာတိုက်ကြီးက ဝန်ဆောင်မှုသစ် အဖြစ် မွေးနေ့ပါဆယ် လက်ဆောင်များ၊ နှစ်ကူး လက်ဆောင်များ၊ စသည့် အမှတ်တရ လက်ဆောင်ပစ္စည်း ပါဆယ်များကို အိမ်တိုင်ရာရောက် ပို့ဆောင်သည့် ဝန်ဆောင်မှုကို ၂၀၁၄ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်စာတိုက်ကြီးမှ မန်နေဂျာ ဦးရွှေထူးမောင်က The Voice သို့ ပြောကြားသည်။

“ဥပမာ-မွေးနေ့ပွဲက ဆီဒိုးနားလိုမျိုးမှာ ၁၀ နာရီမှာပွဲက စမယ်ဆို ၁၀ နာရီ ၁၅ လောက် မွေးနေ့လက်ဆောင်ကို မွေးနေ့ပိုင်ရှင်လက်ထဲ အရောက် ပို့ဆောင် ပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။

၂၀၁၄ ခုနှစ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့ကြီးများသို့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ပေးမည် ဖြစ်ကြောင်း ရန်ကုန်စာတိုက်ကြီးထံမှ သိရသည်။

အဆိုပါ ဝန်ဆောင်မှုအတွက် ဝန်ဆောင်ခ နှုန်းထားများကို ညှိနှိုင်းဆောင်ရွက်ဆဲ ဖြစ်ပြီး အသေးစိတ်ကို ထပ်မံ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ရန်ကုန်စာတိုက်ကြီးထံမှ သိရသည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top