ွလွင်လွင်ထွေး
(၂၇)ကြိမ် မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲ ဖွင့်ပွဲပိတ်ပွဲအတွက် တရုတ်က ယွမ်သန်းပေါင်း ၁၁၂ သန်းကူညီခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသမ္မတ ဦးသိန်း စိန်က တရုတ်နိုင်ငံသမ္မတ ဟူ ကျင်တောင်းနှင့် ၂၀၁၁ခုနှစ် မေ ၂ရရက်တွင်တွေ့ဆုံခဲ့ပြီး (၂၇)ကြိမ် မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် အကူ အညီပေးရန် တောင်းဆိုခဲ့ရာမှ ၂၀၁၁ခုနှစ် စက်တင်ဘာ၁၄ရက် တွင် နှစ်နိုင်ငံ သဘောတူလက် မှတ်ရေးထိုးနိုင်ခဲ့သည်။
အရှေ့တောင်အာရှအား ကစားပြိုင်ပွဲဖွင့်ပွဲပိတ်ပွဲသိ
အဆိုပါဖွင့်ပွဲပိတ်ပွဲ၌ တရုတ် နိုင်ငံ နောက်ဆုံးပေါ်နည်းစနစ်များ Game System များဖြစ်သည့် Software များတီထွင်ပေးခြင်း၊ Hardware များ ထောက်ပံ့ပေးခြင်း ယင်းအပြင် ဒီဇိုင်းများဆင်ပေးခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း များ ကူညီထောက်ပံ့ပေးခြင်းများ ပေးထားကြောင်း သိရသည်။
ဆီးဂိမ်းဖွင့်ပွဲတွင် မြန်မာ နိုင်ငံမှ ရိုးရာယဉ်ကျေးမှုထိန်းသိမ်း မှုမှာ ထိပ်ဆုံးတွင်ရှိကြောင်းပြသ နိုင်ရန်အတွက် ဆိုင်းမင်္ဂလာတွေ နှင့် မြန်မာတေး ဂီတများဖျော်ဖြေ ခြင်း၊ ''အမျိုးသားအမွေအနှစ် မဟာပုဂံ'' စသည့် ပုဂံရိုးရာအက များ၊ ''သွေးချင်းတို့ဌာနီ မြန်မာ ပြည်''ခေါင်းစဉ်နှင့် တိုင်းရင်းသား မျိုးနွယ်အလိုက် အလှည့်ကျဖျော် ဖြေ တင်ဆက် မှုများဖြင့် ဖျော်ဖြေ သွားမည်ဖြစ်သည်။
အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/
Post a Comment