ကိုတိုးကြီး
ဟုမ္မလင်း၊ မဇ္ဈိမ။ ။ ခရီးသည်တင် ရေယာဉ်နှစ်စင်းသည် ဟုမ္မလင်းမြို့နယ်၊ မှန်ကင်းဆိပ်ကမ်းအနီး ချင်းတွင်းမြစ်ကြောင်းအတွင်း မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်ပြီး ရေထဲသို့ နစ်မြုပ်သွားသည့်အတွက် ပျောက်ဆုံးနေသည့်ခရီးသည်များကို
တိုက်မိသည့် ရေယာဉ်နှစ်စင်းမှာ ပုတ်သိုးကျေးရွာမှ မောင်းခမ်း(တောင်/မြောက်)ကျေးရွာများသို့ မောင်းနင်းလာသည့် တရုတ်နီအမျိုးအစား မြင်းကောင်ရေ (၂၅)ကောင် အင်ဂျင် တပ်ဆင်ပါရှိသော အလျား(၁၈)ပေရှိ ရေယာဉ်နှင့် တရုတ်နီ အမျိုးအစား မြင်းကောင်ရေ(၂၅)ကောင် အင်ဂျင်စက် တပ်ဆင်ပါရှိသော အလျား (၂၄) တောင်ရှိ အပြာရောင် ရေယာဉ်နှစ်စင်းဖြစ်သည်။
တိုက်မိပြီးနောက် အလျား ၂၄ တောင်ရှိ ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့်ခရီးသည် (၂၄)ဦးအနက် ဦးမိုးညွှန့် အသက်(၄၂)နှစ်၊ ဒေါ်သန်းမြင့် အသက်(၅၂)နှစ် ဆိုသူ ခရီးသည်နှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
“ဖြစ်တာက ည ၇ နာရီအချိန်ကြီးဆိုတော့ ဘာမှကောင်းကောင်းမမြင်ရတော့ဘူး၊
အဆိုပါ ရေယာဉ်စီးခရီးသည်များအား ကူညီကယ်ဆယ်ပေးလျက်ရှိသည့် ဒုရဲအုပ် စိုးဝင်းအောင်မှ ၎င်းကိစ္စအား တရားလိုပြု လုပ်၍ ထမံသီနယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့သည့်အတွက် ရဲစခန်းက ယာဉ်(ပ) ၂၁/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၂ အရ အမှုဖွင့် ထားကြောင်း သိရသည်။
ရေယာဉ်သုံးစွဲမှု တစ်နေ့တစ်ခြား များပြားလာသည့် ချင်းတွင်းမြစ်ကြောင်းတွင် မကြာခဏ ရေယာဉ်တိမ်းမှောက်မှုများနှင့် ယာဉ်တိုက်မှုများဆက်တိုက်ဆိုသလို
ချင်းတွင်းမြစ်ကြောင်းအတွင်း ရေယာဉ်တိမ်းမှောက်နစ်မြုတ်မှုဖြစ
အေးချမ်းမွန် Credit To >Mizzima - News in Burmese < Thankhttps://www.facebook.com/
Post a Comment