ငယ်ထွေး(ကလေး)
ဗုဒ္ဓဘုရား ဆင်းတုတော်၏ ဦးခေါင်းတော် မှဆံတော်များ ထွက်ပေါ် လာသ ဖြင့် ပြည်သူအများပူဇော်နိုင်ရန် ပညာသိပ္ပံဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ပြောင်းရွှေ့ အပူဇော်ခံထားကြောင်း သိရ သည်။
မရမ်းကုန်းမြို့နယ် (၈)ရပ် ကွက် ရေကူး ဘူတာရုံလမ်း ပညာ သိပ္ပံ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းတွင် ဦးခေါင်းတော်မှ ဆံတော်များ ထွက်ပေါ်လာသည့် ဗုဒ္ဓရုပ်ပွားတော်ကို အများပြည် သူပူဇော်ဖူးမြော်နိုင်ရန် ဘုရား ဒကာမှပြောင်းရွှေ့ပူဇော်ထား ကြောင်း ဘုရား ဒကာဖြစ်သူဦး ခင်မောင်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။
ဘုရားဒကာဖြစ်သူ ဦးခင် မောင်ဦးက ''ဇူလိုင် ၁ ရက်က စပြီးတော့ ဘုရားရုပ်ပွားတော် ကနေဆံတော်တွေပွင့်လာတာ ကိုဖူးမြော်ရပါတယ်။ အဲဒီနောက် မှာတော့ ရုပ်ပွားတော်လုံခြုံရေး နဲ့ အများပြည်သူဖူးမြော်နိုင်ဖို့ အတွက်ဆိုပြီး ဦးတို့ ကိုးကွယ် တဲ့ဆရာတော်ကျောင်းကို နိုဝင် ဘာ ၃ဝရက်မှာ ရွှေ့ပြောင်းပူ ဇော်ခဲ့တာပါ''ဟုပြောသည်။ ၂၀၁၁ခုနှစ် မတ် ၁၆ရက် တွင် ရန်ကုန်တိုင်းဒေသကြီးလယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရုံး ဒုတိယညွှန်ကြား ရေးမှူး ဦးဝင်းဗိုလ် က ရာထူးတိုး နှင့် ပြောင်း တဲ့အချိန်တွင် အဆို ပါဗုဒ္ဓရုပ်ပွားတော်ကိုပူဇော် ရန် ပေးထားခဲ့ခြင်းဖြစ်ပြီး ဘုရား ဆံတော်မပွင့်မီအချိန်တွင် နေ အိမ်၌ ဝင်ငွေများတိုး ပွားခဲ့ပြီးထူး ခြားဖြစ်စဉ်များဖြစ်ခဲ့သည်ဟု ဦးခင်မောင်ဦးက ပြော သည်။
သတင်းအပြည့်အစုံသို့=>http://goo.gl/9adZo8
အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment