0


Created on Sunday, 01 December 2013 18:45 

နိုဝင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ တစ်ပတ်တာအတွင်း နေပြည်တော် အပါအ၀င် တိုင်းဒေသကြီး/ပြည်နယ်များ၌ ယာဉ်တိုက်မှုကြောင့် လူ ၇၅ ဦး သေဆုံးခဲ့ကာ ၄၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတစ်ပတ်တာအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုပေါင်း ၂၅၂ မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူဦးရေ ၇၅ ဦးထိရှိပြီး ထိခိုက်ဒဏ်ရာရသူ ၄၄၅ ဦးထိ ရှိကြောင်းလည်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားမှု အမြင့်ဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ကာ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုပေါင်းမှာ ၆၆ မှုထိ ရှိခဲ့ကာ သေဆုံးသူ ၆ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၂၂ ဦးရှိကြောင်း သိရသည်။

ဒုတိယ ယာဉ်တိုက်မှု အဖြစ်များဆုံးနှင့် လူသေဆုံးမှု အများဆုံးမှာ ပဲခူးတိုင်း ဒေသကြီးဖြစ်ပြီး ယာဉ်တိုက်မှု ၃၈ မှုတွင် သေဆုံးသူ ၁၂ ဦးရှိကာ ဒဏ်ရာရသူ ၇၈ ဦး ရှိကြောင်းနှင့် ယာဉ်တိုက်မှု ဖြစ်ပွားမှု အနည်းဆုံးမှာ ရခိုင်ပြည်နယ်ဖြစ်ပြီး ယာဉ်တိုက်မှု တစ်မှုသာရှိကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top