0


နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပို့ဆောင်ရေးရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတယ် မဟုတ်ပါလား။ နိုင်ငံခြား ခရီးသည်ဝင်ထွက်မှုနှုန်းတိုးတက်လာတာနဲ့အမျှ ပြည်တွင်း၊ ပြည်ပလေကြောင်းခရီးစဉ်များရဲ့ အရေးပါမှုဟာလည်း ကြီးထွားလာပါတယ်။

ကျုပ်တို့နိုင်ငံရဲ့ ပို့ဆောင်ရေးဝန်ကြီးဌာန အနေနဲ့လည်း Aviation မှာ တိတိကျကျ ချမှတ်ထားတဲ့ Policy တွေ၊ Law တွေမရှိပဲနဲ့ လက်သင့်ရာ လက်သိပ်ထိုးပြီး အဆင်ပြေသလို ရေးဆွဲထားပြုပြင်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ခွင့်ပြုပေးနေတာတွေ့နေရပါတယ်။ ဒါဟာ ပို့ဆောင်ရေးအနေနဲ့ ခေတ်သစ်လေကြောင်းခရိုနီများနဲ့ ပေါင်းစားနေသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါပြီဗျာ။

ပို့ဆောင်ရေးအနေနဲ့ ၄င်းခွင့်ပြုချင်သော ကိစ္စများကို ဈေးကွက်စီးပွားရေးစနစ်အမည်တပ်လို့ ခွင့်ပြုချင်တိုင်း ခွင့်ပြုပေးပြီး မလိုက်လျောချင်သော ကိစ္စများကို နိုင်ငံတော်၏ စည်မျဉ်း၊ စည်းကမ်းများ အမည်တပ်လို့ ခွင့်မပြုပေးသော ကိစ္စရပ်များလည်း အများအပြား ရှိနေခဲ့သည့်အတွက် ခေတ်ဟောင်း၊ စနစ်ဟောင်းအတိုင်း တသွေမတိမ်း ဆက်လက်လျှောက်လှမ်းနေတယ်လို့ပဲ မြင်မိပါတယ်။

ဥပမာအားဖြင့် ဆိုရလျှင် ရန်ကုန်-နေပြည်တော် ခရီးစဉ်အတွက် ဝန်ကြီးဌာနက ပြည်တွင်းလေကြောင်းလိုင်း အားလုံးကို ကျပ် ကိုးသောင်းနှုန်းနဲ့ ပြေးဆွဲရမယ်ဆိုပြီး သတ်မှတ်ထားပေမယ့်လည်း FMI Charter လေကြောင်းလိုင်းကတော့ ရန်ကုန်-နေပြည်တော်ခရီးစဉ်ကို ဒေါ်လာ ၁၄၀ နဲ့ ပြေးဆွဲနေတာကို ခွင့်ပြုပေးနေတာမျိုးကရော ခေတ်သစ်လေကြောင်းခရိုနီများ ထွက်ပေါ်လာရေးဆိုတဲ့ စနစ်နဲ့များ လုပ်နေတာလားလို့ ထောက်ပြချင်ပါတယ်။

လတ်တလော ပြည်တွင်းလေကြောင်းလိုင်းများ ခက်ခက်ခဲခဲရုန်းကန်နေရချိန်မှာလည်း ဝင်လာသမျှသော နိုင်ငံခြားလေကြောင်းလိုင်းများကို ပြည်တွင်းမှာ ဆင်းလို့ရသမျှကွင်းအကုန် ပေးဆင်းနေတာကလည်း နောင်လာမဲ့ နှစ်အနည်းငယ်အတွင်း ပြည်တွင်းလေကြောင်းလိုင်းတွေ မရှိတော့မယ့်အရေးတော့ ပြေးမြင်နေမိပါတယ်။

နိုင်ငံတကာလေကြောင်းလိုင်းတွေ လာတာ အများကြီး အားတက်စရာပါ။ ဒါပေမယ့် ကိုယ့်ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ အသက်ရှူပေါက်ကိုတော့ ပေးသင့်တယ်လို့မြင်ပါတယ်။ ထိုင်းနိုင်ငံဆိုလျှင်လည်း နိုင်ငံပိုင်လေကြောင်းလိုင်း Thai Airways (TG) ကို နိုင်ငံတကာ လေကြောင်းလောကမှာ နေရာတစ်ခု ရပ်တည်နိုင်အောင် နိုင်ငံအနေနဲ့ အများကြီးပံ့ပိုးထားခဲ့တာတွေ ရှိပါတယ်။

မိမိတို့နိုင်ငံရဲ့ လေကြောင်းလိုင်းများ နိုင်ငံခြားလေကြောင်းလိုင်းများနည်းတူ တိုးတက် ဖွံ့ဖြိုးစေချင်တဲ့ အမျိုးချစ်စိတ်နဲ့ ဝေဖန်နေရခြင်းပဲ ဖြစ်ပါတယ်။
ကျုပ်ကတော့ ဘာပဲပြောပြော ကိုယ့်နိုင်ငံလေကြောင်းလိုင်းတစ်ခုက လေယာဉ်ကြီးစီးပြီး Europe နဲ့ USA တို့အထိ လျှောက်လည်ရမယ့်အချိန်ကို မျှော်နေချင်ပါသေးတယ်ဗျာ…


Credit to ကိုကို လေကြောင်း

အေးချမ်းမွန် Credit To >ခရိုနီများအကြောင်း တစေ့တစောင်း < Thankhttps://www.facebook.com/excellencemedia
2

Post a Comment

 
Top