ဆရာ ဒေါက်တာထွန်းလွင်ပြောပြတဲ့ မုန်တိုင်းသတင်းပါ။ ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။
06B MADI CYCLONE NEWS UPDATE
ဒီနေ့ကစပြီး အားပြန်လျော့ကာ နောက်ကြောင်းပြန်ရွေ့ပါတော့မယ်။
၁၀-၁၂-၂၀၁၃
နံနက်(၈း၅၁) နာရိ
(၉-၁၂-၂၀၁၃)ရက်ည(၉)နာရိခွအြချိန်တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းရှိ ဆိုင်ကလုန်းမုန်တိုငး06B(MADI) ဟာ အိန္ဒိယနိုင်ငံ အရှေ့ဖက်ကမ်းခြေရှိ Chennai မြို့ရဲ့ မြောက် အရှေ့မြောက် ယွန်းယွန်း 280 nm(320 miles) အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
လွန်ခဲ့တဲ့ခြောက်နာရီအတွင်းးက ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်ဖက်အရပ်ကို တစ်နာရီ (၃.၅)မိုင်နှုန်းနဲ့ ရွေ့လျှားနေခဲ့ပါတယ်။ မုန်တိုင်းရဲ့ ဗဟိုချက်အနီး အများဆုံးလေတိုက်နှုန်းမှာ 60 knots(70 mph) ရှိပါတယ်။
နောက်(၁၂)နာရီအတွင်း မုန်တိုင်းဟာတဖြည်းဖြည်းရွေ့လျှားမှုနှေးကွေးလာပြီး မရွေ့တော့ သလောက် ဖြစ်လာ ပါ့မယ်။
နောက်(၃၆)နာရီအတွင်း မုန်တိုငးဟာ အနောက်တောင်ဖက် (နောက်ပြန် ဦးတည်ရာ)ကို အရှိန်နဲ့ရွေ့ ပါလိမ့်မယ်။
နောက်(၉၆)နာရီအတွင်း အိန္ဒိယနိုင်ငံတောင်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက် ပါလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒေါက်တာထွန်းလွင်
မနက်စောစောပိုင်းက Post လုံးဝတင်မရလို့ နောက်ကျသွားရပါတယ်။
*#Aye Chan Mon #*မှ ပြန်လည်မျဝေပါသည်
Credit To:Popular Journal
Post a Comment