0


ရန်ကုန်၊ ဒီဇင်ဘာ ၉

ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များကို အခွန်ဆောင်စရာ မလိုဘဲ Free Permit အဖြင့် မော်ဒယ်လ် အမြင့်ပိုင်း မော်တော်ယာဉ်များ အပါအဝင် မော်တော်ယာဉ် အမျိုးအစားကို မခွဲခြားဘဲ တင်သွင်းခွင့် ပြုခြင်းကြောင့် တန်ဖိုးမြင့် ဇိမ်ခံမော်တော်ယာဉ် ဈေးကွက်ကို ထိခိုက်ကြောင်း မော်တော်ယာဉ် ဝယ်ရောင်းများက တညီတညွတ်တည်း ပြောကြားသည်။

ထိုသို့ ခွင့်ပြုလိုက်ခြင်းကြောင့် ဈေးကွက်ကျဉ်းသော ဈေးအမြင့်ပိုင်း ဇိမ်ခံ ကားဈေးကွက်ကို ပိုမိုထိခိုက်ကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း ဦးကျော်စိုးက ပြောဆို သည်။
“အမြင့်ပိုင်းက သိပ်မရှိပါဘူးဆိုမှ ဒီလို တင်သွင်းခွင့်တွေ ပေးလိုက်တော့ ပိုဆိုးတာပေါ့” ဟု ၎င်းကဆိုသည်။

အမြင့်ပိုင်း ဇိမ်ခံ ကားဈေးကွက်ကို ထိခိုက်နိုင်သော်လည်း ဈေးအနိမ့်ပိုင်း ယာဉ်များကိုမူ ထိခိုက် နိုင်ခြေ မရှိကြောင်း သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ယာဉ်ဝယ်ရောင်း ဦးဇော်ဇော်က ပြောကြားသည်။
“အမှန်တကယ် ရိုးရွိက်စ်ကား တစ်စီးကို ဒီအတိုင်း အလွတ်သွင်းမယ်ဆို သိန်းပေါင်း သောင်းနဲ့ ချီတယ်။ ဒါပေမဲ့ သူတို့လို အခွန်မဲ့ရင် အဲဒီကားက သိန်းသုံး၊ လေးထောင်လောက်ပဲ ရှိတယ်။ ကျန်တဲ့ ကားတွေလည်း အမှန်တကယ် နိုင်ငံခြားက ကားဈေးက ကျပ်သိန်းဆယ်ဂဏန်း လောက်ပဲရှိတာ” ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုရာတွင် မော်တော်ယာဉ် အစီးရေ သုံးထောင်ကို ကျပ်သိန်း ၆၀ သာ အခွန်ဆောင်ရမည် ဖြစ်ပြီး လတ်တလော မော်တော်ယာဉ် ဈေးကွက်တွင် စလစ်ဈေးမှာ ကျပ်သိန်း ၉၀ ကျော် ရှိကြောင်း မော်တော်ယာဉ် ဈေးကွက် အတွင်းထံမှ သိရသည်။

အမြင့်ကား ကိုင်သူများကိုသာ ထိခိုက်မှု ရှိနိုင်ပြီး ဈေးအနိမ့်ပိုင်း ကားဈေးကွက်ကိုမူ ထိခိုက်နိုင်ခြေ မရှိကြောင်း ကားဝယ်ရောင်း ဦးအောင်ကျော်စိုးက ပြောကြားသည်။
*#Aye Chan Mon #*မှ ပြန်လည်မျဝေပါသည်

Credit To:The Voice Weekly

Post a Comment

 
Top