- Created on Thursday, 12 December 2013 00:06
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာကိုယ်စားပြုသင်္ကေတဖြင့် သရုပ်ပြတင်ဆက်နေစဉ် (Photo:AFP)
(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ဒီဇင်ဘာ ၁၁ ရက် ပွဲစဉ်များအပြီးတွင် အိမ်ရှင်မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ် ၁၈ ခု၊ ငွေတံဆိပ် ရှစ်ခု၊ ကြေးတံဆိပ် ၁၀ ခုဖြင့် နိုင်ငံအလိုက်ရပ်တည်မှုတွင် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်နေကြောင်း သိရသည်။
ဒီဇင်ဘာ ၁၁ ရက်တွင် ဖွင့်ပွဲ အခမ်းအနားရှိသောကြောင့် အားကစားနည်းအမျိုးအစား အနည်းငယ်သာ ကျင်းပခဲ့ပြီး သေနတ်ပစ် ပြိုင်ပွဲတွင် မြန်မာက ကြေးတံဆိပ်တစ်ခု နှင့် မြင်းစီးပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးနိုင်ခဲ့ကြောင်းသိရသည်။
မြန်မာ့ဂုဏ်ဆောင် အားကစားသမားတစ်ဦး မီးရှူးတိုင် သယ်ဆောင်နေစဉ်(ဓာတ်ပုံ - ညီညီစိုးညွန့်)
မြန်မာအားကစားပွဲအတွက် ရွှေတံဆိပ်များကို ခြင်းလုံးအားကစားနည်းမှ ခြောက်ခု၊ ၀ူရှူး အားကစားနည်းမှ ငါးခု၊ နပန်းအားကစားနည်းမှ သုံးခု၊ ကနူး/ကယက်အားကစားနည်းမှ သုံးခု၊ ပိုက်ကျော်ခြင်း အားကစားနည်းမှ တစ်ခုစီ ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၂ ရက်(ယနေ့)တွင် ရေကူး၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ ကနူး/ ကယက်၊ စစ်တုရင်၊ စက်ဘီး၊ မြင်းစီး၊ ဘောလုံး၊ ဖူဆယ်၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ နပန်းစသည့် အားကစားနည်းများ ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီး ရေကူး၊ ကနူး/ကယက်၊ စက်ဘီး၊ ပန်ကြပ်ဆီလတ်၊ သေနတ်ပစ်နှင့် နပန်း အားကစားနည်းများမှ ရွှေတံဆိပ်ဆုများ ထပ်မံ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
၁၁-၁၂-၂၀၁၃ အပြီး ဆုရရှိမှု
|
အားကစားသမားများ ကိုယ်စား အားကစားအဓိဋ္ဌာန်ရွတ်ဆိုမည့် စန္ဒီဦး ကွင်းအတွင်း ၀င်ရောက်လာစဉ် (Photo:AFP)
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Eleven Media Group
Post a Comment