Created on Tuesday, 03 December 2013 19:40
မလေးရှားနိုင်ငံတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် တရားမ၀င် မြန်မာအလုပ်သမားများကို 6p (နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး အစီအစဉ်) စီမံချက်ဖြင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးရန်အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။
ယခုကဲ့သို့ တရားမ၀င် အလုပ်သမားများအား နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ယခင် 6p စီမံချက်ဖြင့် အထောက်အထားများ ထုတ်ပေးစဉ် ကာလအတွင်း မှတ်ပုံတင် ပြုလုပ်ပြီး အထောက်အထား မရသေးဘဲ ကျန်ရှိနေသည့် အလုပ်သမားများကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ နိုင်ငံကူးလက်မှတ် ဆက်လက်ထုတ်ပေး သွားမည်ဟု သိရသည်။
"အခုဟာက 6p စီမံချက် ကာလအတွင်းမှာ register လုပ်ပြီး ကျန်နေတဲ့ အလုပ်သမားတွေကို နိုင်ငံကူးလက်မှတ် ဆက်လက်ထုတ်ပေးဖို့ကို လ၀က၊ ပြည်ထဲရေးတို့နဲ့ ညှိနှိုင်းမှုတွေ လုပ်နေတယ်။ မကြာမီ ရက်ပိုင်းအတွင်းမှာတော့ နိုင်ငံကူးလက်မှတ် ထုတ်ပေးမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အသေအချာ သိရမှာပါ" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဆိုသည်။
အခုဟာက 6p စီမံချက် ကာလအတွင်းမှာ register လုပ်ပြီး ကျန်နေတဲ့ အလုပ်သမားတွေကို နိုင်ငံကူးလက်မှတ် ဆက်လက်ထုတ်ပေးဖို့ကို လ၀က၊ ပြည်ထဲရေးတို့နဲ့ ညှိနှိုင်းမှုတွေ လုပ်နေတယ်။ မကြာမီ ရက်ပိုင်းအတွင်းမှာတော့ နိုင်ငံကူးလက်မှတ် ထုတ်ပေးမယ့် . . . . .
ယခု အစီအစဉ်အရ အလုပ်သမားများအား နိုင်ငံကူးလက်မှတ် ထုတ်ပေးမည့် One stop service centre ကို မလေးရှားရှိ မြန်မာသံရုံးတွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။
နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး အစီအစဉ် 6p စီမံချက်ကို ၂၀၁၁ ခုနှစ်မှစ၍ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ မလေးရှားရှိ တရားမ၀င် မြန်မာအလုပ်သမားများကို အထောက်အထား ထုတ်ပေးရန် စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံရောက် တရားမ၀င် မြန်မာအလုပ်သမား တစ်သိန်းခွဲကို 6p စီမံချက် (နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး အစီအစဉ်အရ) နိုင်ငံကူး လက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ၂၀၁၃ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို ၂၀၁၃ ခုနှစ် စက်တင်ဘာမှစ၍ မလေးရှား အစိုးရက အထူးစီမံချက်ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
အေးချမ်းမွန် Credit To >Eleven Media Group
Thank https://www.facebook.com/
Post a Comment