ခေတ်မီဆန်းသစ်သည့် မိုဘိုင်းဆက်သွယ်ရေးပစ္စည်းများနှင့် ၀န်ဆောင်မှုများကို မြန်မာပြည်သူများလက်ဝယ်သို့ရောက်ရှိအောင် ကူညီဖြန့်ချိပေးမည့် လက်လီအရောင်း ဆိုင်ရှင်များနှင့် ဖြန့်ချိရေးကိုယ်စားလှယ်များက Telenor မှ ဖိတ်ခေါ်နေပါပြီ။
Telenor စီးပွားရေးလုပ်ငန်းစုသည် ၂၀၁၃ ဘဏ္ဍာနှစ် တတိယပတ် လုပ်ငန်းလည်ပတ်မှု စုစုပေါင်းတွင် မှာယူသုံးစွဲသူ ၁၆၁ သန်း၊ ၂၀၁၂ ၌ ၀င်ငွေ နော်ဝေခရုန်း ၁၀၂ ဘီလီယံ နှင့် ၀န်ထမ်းအင်အား ၃၄၀၀၀ ရှိ၍ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ ကမ္ဘာ့ဆက်သွယ်ရေးကုမ္ပဏီ Telenor စီးပွားရေးလုပ်ငန်းစုသည် နော်ဝေနိုင်ငံတွင် ရုံးချုပ်တည်ရှိ၍ ဥရောပမြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများရှိ ဈေးကွက် ၁၃ ခုနှင့် အာရှဒေသတွင်းရှိ ထိုင်း၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနှင့် အိန္ဒိယ စသည့်နိုင်ငံများတွင် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများ လည်ပတ်လျက်ရှိနေပြီး ယခုအခါ မြန်မာဈေးကွက်သို့ ၀င်ရောက်လာခြင်းဖြစ်ပါသည်။
Telenor သည် မြန်မာနိုင်ငံတွင်လည်း ခေတ်မီဆက်သွယ်ရေးကွန်ယက်တစ်ခုကို အလျင်အမြန်အစပျိုးနိုင်ရန်နှင့် အရည်အသွေးမြင့်မားပြီး လူတိုင်းဝယ်ယူသုံးစွဲနိုင်သည် အထိ ဈေးနှုန်းချိုသာသော မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို နေရာဒေသမရွေး နေထိုင်သူအားလုံးအတွက် ဖြန့်ချိပေးနိုင်ရန်ပြင်ဆင်လျက်ရှိပါသည်။
မြန်မာနိုင်ငံတ၀န်းလုံးရှိ ဒေသများတွင် Telenor ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို ဖြန့်ချိရောင်းချရန်အတွက် စိတ်ပါဝင်စားသော မိတ်ဖက်ဖြန့်ချိရေး ကိုယ်စားလှယ်နှင့် လက်လီအရောင်းဆိုင်ရှင်များကို Telenor မှ ဖိတ်ခေါ်အပ်ပါသည်။
ဖြန့်ချိရေးကိုယ်စားလှယ်အဖြစ် လျှောက်ထားလိုသူများအနေဖြင့် အောက်ပါအချက်များနှင့်ပြည့်စုံရန် လိုအပ်ပါသည်။
- သက်ဆိုင်ရာနယ်မြေဒေသအသီးသီးရှိ လက်လီအရောင်းဆိုင်များအတွက် လိုအပ်သောထုတ်ကုန်တံဆိပ်မျိုးစုံကို သိုလှောင်ပံ့ပိုး ဖြန့်ချိရောင်းချပေးနိုင်မည့် ခိုင်မာသော ငွေကြေးတောင့်တင်းမှု ရှိရပါမည်။
- လက်ကားဖြန့်ချိရေးနှင့် လက်လီရောင်းဝယ်ရေးလုပ်ငန်း လက်ရှိ လုပ်ကိုင်နေသူဖြစ်ရပါမည်။
- လုပ်ငန်းရေရှည်ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာဒေသတွင်း၌ ခန့်အပ်ထားပြီးသော ၀န်ထမ်းအင်အားရှိနေပြီး ဒေသအတွင်းရှိ
လက်လီအရောင်းဆိုင်များနှင့် လုပ်ငန်းဆက်သွယ်ရင်းနှီးမှုရှိနေရပါမည်။
မိတ်ဖက်လက်လီအရောင်းဆိုင်ရှင် (Franchising Retail Partner) အဖြစ် လျှောက်ထားလိုသူများအနေဖြင့် အောက်ပါအချက်များနှင့် ပြည့်စုံရန်လိုအပ်ပါသည်။
- သင့်လျော်သည့် ဆိုင်ခန်းနေရာ အကျယ်အ၀န်း(၂၀၀-၃၀၀ စတုရန်းပေ၊ မြေညီထပ်)နှင့် တည်နေရာ (ဈေးဝယ်စင်တာ၊ လမ်းမကြီးသို့မဟုတ် လူစည်ကားရာနေရာ) ရှိရပါမည်။
- လက်လီအရောင်းဈေးကွက်အတွင်း ရောင်းဝယ်ရေးနှင့် စားသုံးသူ ၀န်ဆောင်မှု အတွေ့အကြုံရှိသူများကို ဦးစားပေးပါမည်။
ဖြန့်ချိရေးကိုယ်စားလှယ်နှင့် လက်လီအရောင်းဆိုင်ရှင်အဖြစ် လျှောက်ထားရန် စိတ်ပါဝင်စားသူများအနေဖြင့် Telenor ၀က်ဘ်ဆိုဒ်
http://myanmar.telenor.com/distributor-application/ မှ လျှောက်လွှာရယူကာ partner.myanmar@telenor.com.mm သို့ အီးမေးလ်ဖြင့်လည်းကောင်း၊ အမှတ်(၄၂-အေ)၊ ပန်တျာလမ်း၊Telenor Myanmar (My Yangon Office) သို့ စာတိုက်မှပေးပို့၍လည်းကောင်း လျှောက်ထား နိုင်ပါသည်။ လျှောက်လွှာတွင် ဖြည့်သွင်းထားသော အချက်အလက်များကိုကြည့်ရှုကာ Telenor ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှု
ရှိ၊ မရှိ ကိုဆုံးဖြတ်၍ သင့်အား ပြန်လည်ဆက်သွယ်မည် ဖြစ်ပါသည်။ လျှောက်လွှာများကို ၂၀၁၃၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံး ထားပေးပို့ရပါမည်။
အေးချမ်းမွန် Credit To >Telenor Myanmar

Post a Comment