အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက အီရန်နျူအရေးနှင့်
ပတ်သတ်သော နိုင်ငံတကာအဏုမြူအေဂျင်စီ (IAEA) ၏
အစီရင်ခံစာကို လက်ခံနိုင်ဖွယ်မရှိကြောင်း နိုဝင်ဘာ ၁၄ရက်က ပြောကြားခဲ့သည်။ အစီရင်ခံစာတွင် အီရန်သည်
နျူပိုင်ဆိုင်မှုလျော့ချရေးအတွက် ထိရောက်သော လုပ်ဆောင်ချက်များ ရှိလာသည်ဟု ဖော်ပြထားသည်။
ဝန်ကြီးချုပ်က ဂျေရုစလင်တွင် ကျင်းပသည့် အမေရိကန်
ဂျူးညီလာခံ၌် မိန့်ခွန်းပြောရာတွင် အစီအရင်ခံစာသည်
အထင်ကြီးစရာ မရှိကြောင်း၊ ယင်းတွင် အီရန်သမ္မတအသစ် ဟက်ဆန်ရိုဟာနီအစိုးရ တက်လာပြီး သုံးလအတွင်း
နေတန်ဇ်မှ နျူစက်ရုံသည် ယူရေနီယံသန့်စင်မှုနှုန်းနှင့်
လုပ်ငန်းများသိသိသာသာ လျော့ချခဲ့သည်ဟု ရေးသားထား
ကြောင်း ပြောကြားခဲ့သည်။
အစီရင်ခံစာတွင် အဓိကဖော်ပြထားသည်မှာ အဆင့်မြင့်
ယူရေနီယမ် သန့်စင်မှုသည် ပြီးခဲ့သော သြဂုတ်လမှစတင်ကာ ယခုအချိန်အထိ ငါးရာခိုင်နှုန်းသာ တက်လာကြောင်းဆိုသည်။
ထို့အတွက် အီရန်သည် သန့်စင်ပြီး ယူရေနီယမ် ၁၉၆ ဂရမ် အရန်သိုလှောင်ထားပြီးဖြစ်သည်။ အကယ်၍ ၂၅၀ ကီလိုဂရမ်
ရှိလျှင် နျူကလီးယားဗုံးတစ်လုံး တည်ဆောက်နိုင် မည်ဟု
ပညာရှင်များက ဆိုသည်။
နေတန်ညာဟုက အီရန်အနေဖြင့် နျူအစီအစဉ်ကို ပိုမိုတိုးပွားအောင် တွန်းတွန်းတိုက်တိုက် မလုပ်တော့ခြင်းသည် လက်ရှိအချိန်တွင်
နျူလက်နက်ထုတ်လုပ်ရန် အခြေခံအဆောက်အအုံ ပိုင်ဆိုင်ပြီး
ဖြစ်သွားသည့် အတွက် ဖြစ်ကြောင်း၊ အီရန်အပါ် တကယ်တန်း ထုတ်ရမည့် မေးခွန်းက နျူအစီအစဉ် မည်မျှ တိုးတက်လာသလဲ
ဆိုသည်ထက် စစ်ဘက် သုံးနျူအစီအစဉ်ကို မည်သို့ ရပ်တန့်
စေမည်လဲ ဟူ၍သာ ဖြစ်သင့်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်က အီရန်နှင့် သဘောတူညီမှု ရယူနိုင်ရန် ကြိုးပမ်းနေသည့် ကမ္ဘာ့နိုင်ငံများကိုလည်း ရည်ညွှန်းကာ အီရန်အပေါ် ပိတ်ဆို့
အရေးယူမှုများ အလျော့မပေးသင့်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။
Ref: Al jazeera
အေးချမ်းမွန် Credit To >The Myanma Age
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.