0


ကလေးမြို့ မြို့နယ် အားကစားကွင်း တွင်ပြုလုပ်သော အရန် မီးသတ် လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း၏ သင်တန်း ကော်မတီအား သင်တန်း ရန်ပုံငွေ အလွဲ ပြုလုပ် သည်ဟု ဆိုကာ ကလေးမြို့ အရန် မီးသတ် (လေ့ကျင့်ရေး မွမ်းမံ) သင်တန်း သားနှင့် တပ်ခွဲမှူး များက တိုင်းဒေသ ကြီး မီးသတ် ဦးစီးမှုးထံ တိုင်ကြားထား ကြောင်း သိရ သည်။

လေ့ကျင့် မွမ်းမံ သင်တန်းနှင့် ပတ် သက်၍ ရပ်ကွက် တပ်ခွဲမှူး တစ်ဦးက ”ဒီ သင်တန်းကို နိုင်ငံတော်က ပေးတာ သတ်မှတ်ချက် နဲ့လို့ သိရပါတယ်။ ၁ဝ လပိုင်း ၇ ရက် ကနေ ၃၁ ရက်နေ့ အထိ ပါ။ ဒါပေမဲ့ တကယ် သင်တန်းတက်ရ တာ ၁ဝ ရက်ပါ။ သင်တန်းသား ၁ဝဝ တက်ရတာပါ။ ဒါပေမဲ့ တကယ် သင်တန်း တက်တော့ သင်တန်း သားက ၁ဝဝ မပြည့်ဘူး။ တစ်ရက်ကို ၆ဝ နဲ့ ၇ဝ လောက်ပဲ ရှိတယ် ။ပြောချင်တာက သင် တန်းအတွက် မီးသတ် တပ်ဖွဲ့မြို့နယ် ဦးစီး မှူးက သင်တန်း စရိတ်ကျပ် ၁၃၇၇၅ဝဝ ကို အသေးစိတ် တွက်ချက်မှုတွေ နဲ့ တောင်းခံခဲ့တယ်။ အဲဒီ တောင်းခံချက် အရ နဲ့ သင်တန်းမှာ တကယ် သုံးတာတွေ က ကွာနေတယ်။ သင်တန်းသား တစ်ဦး ကို တစ်ရက် ငွေ ၅ဝဝ ပေးပါတယ်။ စာအုပ် တစ်အုပ် နဲ့ ဘောပင် တစ်ချောင်း ပေးတယ်။

တောင်းခံထားတဲ့ ငွေစာရင်း မှာ ၅ဝဝ ကျပ်မကပါဘူး။ နောက်ပြီး တစ်ရက် လူ ၁ဝဝ အပြည့် စာရင်းတင် ချင်တင်မယ်။ နောက်ပြီးတစ်ရက် ၅ဝဝ ဆိုတာလည်း ရတဲ့သူရတယ်။ မရတဲ့သူ မရဘူး။ တချို့ ၁ဝ ရက်ကို သုံးထောင် လေးထောင် ရတယ်။ နောက်ပြီး မီး သတ် ရဲဘော်တွေ အနေနဲ့ သင်တန်းကို ၁ဝ ရက်ပြည့်အောင် တက်တာတွေ လည်း နည်းတယ်။ ဒါလည်း ၁ဝ ရက် စာရင်း ပဲ လုပ်မယ်။ သင်တန်းသားတွေ ဆိုလည်း ကားမကြိုပါဘူး။ တောင်းခံ ငွေထဲမှာ ကားငှားခတွေ ပါပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ့်အစီအစဉ် နဲ့ ကိုယ်ပဲ တက်ကြ တာပါ။ နောက်ပြီး ဝန်ကြီးချုပ် ခရီးစဉ်နဲ့ သင်တန်းဆင်း တဲ့ နေ့ နှစ်ရက်စာ တစ်ရက် ၅ဝဝ လည်း အဖြတ်ခံ ရတာတွေ ရှိတယ်” ဟု ပြော ကြားခဲ့သည်။

သင်တန်းနှင့် ပတ်သက်၍ မြို့နယ် မီးသတ် ဦးစီးဌာနမှူး တောင်းခံခဲ့သည့် ငွေစာရင်းတွင် သယ်ယူ ပို့ဆောင်ခ ကျပ် ၁၄ဝဝဝဝ၊ ရုံး အသုံးအဆောင် ကျပ် ၉၂၅ဝဝ၊ ဓာတ်ဆီ၊ စက်ဆီ၊ အချောဆီ ကျပ် ၁ဝဝဝဝဝ၊ လုပ်ငန်းသုံး ပစ္စည်း သင်တန်းသား တစ်ဦး ၃ဝဝ ကျပ်နှင့် ၁ဝဝ စာသုံးသောင်းကျပ်၊ အစားအစာ နှင့် ရိက္ခာ အတွက် သင်တန်းသား ၁ဝဝ နှင့် နည်းပြ ၅ ဦး တစ်ရက် ၅ဝဝ ကျပ် နှုန်းဖြင့် ၂၄ ရက်စာ ကျပ် ၁၂၆ဝဝဝဝ၊ ဆေးဝါး ကုသစရိတ် သင်တန်းသား တစ် ဦး ၁၅ဝ ကျပ်နှုန်း၊ သင်တန်း သား ၁ဝဝ အတွက် ကျပ် ၁၅ဝဝဝ၊ ပြပွဲ ပြိုင်ပွဲ ဘွဲ့ နှင်းသဘင်အတွက်ကျပ် ၁ဝဝဝဝ၊ အခြား သင်တန်းသား တစ်ဦး ၄ဝဝနှုန်းဖြင့် ကျပ် ၄ဝဝဝဝ ဖြစ်ကြောင်း သိရသည်။

ချစ်သူမောင်

အေးချမ်းမွန် Credit To >Popular Myanmar News Journal https://www.facebook.com/excellencemedia

Post a Comment

 
Top