Sunday, November 24, 2013
အလုပ်အကိုင် ရှာဖွေရေးဝက်ဘ်ဆိုဒ် Glassdoor ၏ လေ့လာတွေ့ရှိချက်အရ Facebook သည် ကမ္ဘာပေါ်တွင် အလုပ်လုပ်ရန် အကောင်းဆုံး ကုမ္ပဏီဖြစ်သည်ဟု သိရှိပါသည်။
Glassdoor ၏ အလုပ်လုပ်ရန် အကောင်းဆုံး ကုမ္ပဏီပေါင်း ၅၀ စာရင်း၌ Facebook က ထိပ်ဆုံးမှ ရပ်တည်နေခဲ့ပြီး အဆိုပါ စာရင်းအား ဝန်ထမ်းများနှင့် အင်တာဗျူးခြင်း ၊ ကုမ္ပဏီများ၏ လူစွမ်းအား အရင်းအမြစ်ဆိုင်ရာ အချက်အလက်များအား လေ့လာခြင်းတို့ဖြင့် ပြုစုခဲ့ခြင်းဖြစ်သည်။
Facebook ၌ အခြေခံအကျဆုံး အလုပ်အကိုင်များကို လုပ်ကိုင်နေသည့် ဝန်ထမ်းများ၏ လုပ်ခလစာများကို လေ့လာကြည့်ရုံဖြင့် ဝန်ထမ်းများအနေဖြင့် မည်သည့်အတွက်ကြောင့် စိတ်ချမ်းသာ ပျော်ရွှင်နေသည်ကို ထင်ရှားစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Facebook ၌ အလုပ်သင်အဖြစ် တာဝန်ထမ်းဆောင် နေသူများသည်ပင် ပျှမ်းမျှခြင်းအားဖြင့် တစ်လလျှင် ဒေါ်လာ ၅၆၀၂ (အခွန်မပါ) ရရှိနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ယင်းပမာဏမှာ တစ်နှစ်လျှင် ဒေါ်လာ ၆၇၀၀၀ ခန့် ရှိနေသည့်အတွက် သာမန် အမေရိကန် နိုင်ငံသားတစ်ဦး၏ တစ်နှစ်ပျှမ်းမျှ ဝင်ငွေဖြစ်သည့် ဒေါ်လာ ၄၂၉၇၆ ထက် ဒေါ်လာ ၂၅၀၀၀ ခန့် ပိုမိုများပြား နေသည်ကို တွေ့ရမည်ဖြစ်သည်။
Facebook အပါအဝင် ဆီလီကွန်ဗယ်လီမှ နည်းပညာ ကုမ္ပဏီကြီးများသည် အလုပ်သင် ဝန်ထမ်းများကိုပင် မြင့်မားသည့် လစာများပေးအပ်ကာ မိမိကုမ္ပဏီတွင် အလုပ်လုပ်စေရန် ဆွဲဆောင်နေကြခြင်း ဖြစ်သည်။
ထူးချွန်ထက်မြက်သည့် ကွန်ပြူတာ အင်ဂျင်နီယာနှင့် ဒီဇိုင်နာများ ရှားပါနေပြီ ဖြစ်သဖြင့် ကုမ္ပဏီကြီးများ အနေဖြင့် ပြင်ပမှ အလုပ်ရှာဖွေသူများ အထူးသဖြင့် ကျောင်းမပြီးသေးသည့် ထူးချွန်သည့် လူငယ်များအနေဖြင့် မက်မောလောက်သည့် ဤလစာများနှင့် အခြားခံစားခွင့်များကြောင့် ကျောင်းထွက်ကာ လုပ်ငန်းခွင်သို့ စောလျင်စွာ ဝင်ရောက်လာစေရန် ပြုလုပ်နေကြခြင်းလည် ဖြစ်သည်။
အေးချမ်းမွန် Credit To >Myanmar Consumer Guide

Post a Comment