0


နေပြည်တော်၊ နိုဝင်ဘာ ၂၄

၂၃-၁၁-၂၀၁၃ ရက်နေ့ ၀၀၃၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဆတ်ချောင်း ကျေးရွာတွင် အမျိုးသမီးတစ်ဦးဆင်နင်းမိသဖြင့်သေဆုံးသွားကြောင်းသတင်းအရ ပဲခူးအမှတ်(၃)နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ဒေါ်ကျင်မေ၏ ရာဘာခြံတွင် တဲထိုးနေထိုင်သူ အောင်မြတ်(၂၀)နှစ်နှင့် ဇနီးဖြစ်သူမကေသီမြင့်(၂၀)နှစ်တို့ ၂ ဦး တဲအတွင်း၌ အိပ်ပျော်နေစဉ် ““၀ုန်း””ဟုအသံကြားသဖြင့် အောင်မြတ်မှာအိပ်ယာမှနိုး၍ အပေါ်သို့မော့ကြည့်ခဲ့ရာ အမြင့်(၉)ပေခန့်နှင့်(၇)ပေခန့်ရှိ ဆင် ၂ ကောင်အားတွေ့ရှိရသောကြောင့် အောင်မြတ်မှာ တဲဘေးရှိ လျှိုအတွင်းသို့ထွက်ပြေးသွားခဲ့ပြီး ဇနီးဖြစ်သူမကေသီမြင့်မှာ တဲအတွင်းကျန်နေခဲ့သည်။ ထို့နောက် ၀၁၀၀ အချိန် တဲအတွင်းပြန်လည်ရောက်ရှိခဲ့ရာ ဇနီးဖြစ်သူမှာ တဲဘေးမြေကြီးပေါ်တွင် ဆင်းနင်းမှု ကြောင့် ၀ဲမျက်လုံးထွက်၊ ယာဦးခေါင်းဖူးရောင်ညိုမဲ၊ ၀ဲဘက်ဝမ်းဗိုက်ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေ သည်ကိုတွေ့ရှိရပြီး နေအိမ်တဲမှာလည်းပျက်စီးသွားခဲ့ကြောင်း သိရှိရသောကြောင့် သေဆုံးသူအား ပဲခူးပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကာ ပဲခူးအမှတ်(၃)နယ်မြေရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၁၃/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

အေးချမ်းမွန် Credit To > ရဲဇာနည်

Post a Comment

 
Top