0

မဇ္ဈိမသတင်းဌာန| စနေနေ့၊ နိုဝင်ဘာလ ၉ ရက် ၂၀၁၃ ခုနှစ်

မန္တလေးမြို့တွင် လျှပ်စစ်မီတာခလျော့ချပေးရန် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ဦးဆောင်၍ လူဦးရေ ၆၀ခန့်သည် ဖယောင်းတိုင်များ ကိုင်ဆောင်ကာ မဟာမြတ်မုနိဘုရား (ဘုရားကြီး)မှ စတင်ကာ နိုဝင်ဘာလ ၉ရက် ညနေ ၆နာရီ ၄၅မိနစ်တွင် စတင်ထွက်ခွာနေပြီဟု မန္တလေးရှိ မဇ္ဈိမသတင်းထောက်က သတင်းပေးပို့သည်။

ကုန်ဈေးနှုန်းကျဆင်းရေအဖွဲ့က ကိုသိန်းအောင်မြင့်နှင့် ဦးစောလှတို့ဦးဆောင်၍ လူ၂၀ခန့်သည် နိုဝင်ဘာလ ၈ရက် ညနေကလည်း မန္တလေးမြို့ ၃၅လမ်းနှင့် ၈၄လမ်းမှ တိုင်းလျှပ်စစ်ရုံးသို့ ချီတက်ဆန္ဒပြခဲ့သေးသည်။ ထိုလူများကို
၂၉လမ်းနှင့် ၈၄လမ်းအရောက်တွင် အာဏာပိုင်များက တားဆီး၍ လူစုခွဲခဲ့ပြီး နိုဝင်ဘာလ ၉ရက် ညနေတွင် ထပ်မံဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်

အေးချမ်းမွန် Credit To > Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top