0

ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ယခင် ယာယီနိုင်ငံကူး လက်မှတ်အစား ယခုအခါတွင် သာမန်နိုင်ငံကူး လက်မှတ် (ပတ်(စ်)ပို့အနီ ) ပြောင်းလဲ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဆိုသည်။

ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် အလုပ်သမားများအနေဖြင့် နိုင်ငံကူးလက်မှတ် (ပတ်(စ်)ပို့အနီ) ပြုလုပ်ရန်အတွက် မှတ်ပုံတင်၊ သန်းခေါင်စာရင်းစသည့် အထောက်အထားများ ပါရှိရမည်ဖြစ်ပြီး နယ်စပ်ဒေသရှိ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်းများတွင် လာရောက် ပြုလုပ်ရမည် ဖြစ်သည်။ အထောက်အထားမရှိသူ အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံသို့ပြန်ကာ မှတ်ပုံတင်၊ သန်းခေါင်စာရင်းများ ပြန်လည် ယူဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများ တရားဝင် ဖြစ်ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရသဘောတူညီမှုဖြင့် နေထိုင်ခွင့် ဗီဇာသက်တမ်း လေးနှစ်ရှိသည့် ယာယီနိုင်ငံကူး လက်မှတ် (ပတ်(စ်)ပို့ခရမ်းရောင်) ကို ယခင်က ထုတ်ပေးခဲ့ပြီးနောက် ယခုအခါတွင် သာမန်ပတ်(စ်)ပို့အနီကို ပြောင်းလဲထုတ်ပေးခြင်း ဖြစ်သည်ဟု သိရသည်။

ထိုသို့ ပတ်(စ်)ပို့အနီ ပြောင်းလဲ ထုတ်ပေးခြင်းဖြင့် မြန်မာအလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံအတွင်းသာမက အခြားနိုင်ငံများသို့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင်နိုင်မည် ဖြစ်သည်ဟု သိရသည်။

သို့ရာတွင် ထိုင်းနိုင်ငံတွင် လက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ရာခိုင်နှုန်း ၇၀ သည် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မရှိသူများ ဖြစ်ခြင်းကြောင့် ပတ်(စ်)ပို့အနီ ပြုလုပ်ရာတွင် အခက်အခဲရှိနေကြောင်း၊ လက်ရှိတွင် ဗီဇာသက်တမ်း ကုန်ဆုံးမှုကြောင့် overstay ဖြစ်နေသည့် မြန်မာအလုပ်သမား သောင်းချီရှိနေပြီး အချို့မှာ အလုပ်ရပ်ဆိုင်းခံရမှုကြောင့် အလုပ်လက်မဲ့ ဖြစ်နေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမားအခြေပြု အဖွဲ့အစည်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်မှ သိရသည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ရရှိသော စာရင်းများအရ ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာအလုပ်သမား တစ်သောင်းကျော်ရှိပြီး ယင်းအလုပ်သမားများ ဆက်လက်အလုပ်လုပ်ကိုင်ခွင့် ရရှိရေးအတွက် ပတ်(စ်)ပို့အနီ ပြုလုပ်ရန် တင်ပြထားသည့် မြန်မာအလုပ်သမား ၃၇ ဦးသာ ရှိသေးကြောင်း သိရသည်။

(ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးအား တွေ့ရစဉ်)
Photo: ထိုင်းရှိ ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများကို ပတ်(စ်)ပို့အနီ ပြောင်းလဲ ထုတ်ပေးမည် ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ယခင် ယာယီနိုင်ငံကူး လက်မှတ်အစား ယခုအခါတွင် သာမန်နိုင်ငံကူး လက်မှတ် (ပတ်(စ်)ပို့အနီ ) ပြောင်းလဲ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဆိုသည်။ ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် အလုပ်သမားများအနေဖြင့် နိုင်ငံကူးလက်မှတ် (ပတ်(စ်)ပို့အနီ) ပြုလုပ်ရန်အတွက် မှတ်ပုံတင်၊ သန်းခေါင်စာရင်းစသည့် အထောက်အထားများ ပါရှိရမည်ဖြစ်ပြီး နယ်စပ်ဒေသရှိ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်းများတွင် လာရောက် ပြုလုပ်ရမည် ဖြစ်သည်။ အထောက်အထားမရှိသူ အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံသို့ပြန်ကာ မှတ်ပုံတင်၊ သန်းခေါင်စာရင်းများ ပြန်လည် ယူဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများ တရားဝင် ဖြစ်ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရသဘောတူညီမှုဖြင့် နေထိုင်ခွင့် ဗီဇာသက်တမ်း လေးနှစ်ရှိသည့် ယာယီနိုင်ငံကူး လက်မှတ် (ပတ်(စ်)ပို့ခရမ်းရောင်) ကို ယခင်က ထုတ်ပေးခဲ့ပြီးနောက် ယခုအခါတွင် သာမန်ပတ်(စ်)ပို့အနီကို ပြောင်းလဲထုတ်ပေးခြင်း ဖြစ်သည်ဟု သိရသည်။ ထိုသို့ ပတ်(စ်)ပို့အနီ ပြောင်းလဲ ထုတ်ပေးခြင်းဖြင့် မြန်မာအလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံအတွင်းသာမက အခြားနိုင်ငံများသို့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင်နိုင်မည် ဖြစ်သည်ဟု သိရသည်။ သို့ရာတွင် ထိုင်းနိုင်ငံတွင် လက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ရာခိုင်နှုန်း ၇၀ သည် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မရှိသူများ ဖြစ်ခြင်းကြောင့် ပတ်(စ်)ပို့အနီ ပြုလုပ်ရာတွင် အခက်အခဲရှိနေကြောင်း၊ လက်ရှိတွင် ဗီဇာသက်တမ်း ကုန်ဆုံးမှုကြောင့် overstay ဖြစ်နေသည့် မြန်မာအလုပ်သမား သောင်းချီရှိနေပြီး အချို့မှာ အလုပ်ရပ်ဆိုင်းခံရမှုကြောင့် အလုပ်လက်မဲ့ ဖြစ်နေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမားအခြေပြု အဖွဲ့အစည်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်မှ သိရသည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ရရှိသော စာရင်းများအရ ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာအလုပ်သမား တစ်သောင်းကျော်ရှိပြီး ယင်းအလုပ်သမားများ ဆက်လက်အလုပ်လုပ်ကိုင်ခွင့် ရရှိရေးအတွက် ပတ်(စ်)ပို့အနီ ပြုလုပ်ရန် တင်ပြထားသည့် မြန်မာအလုပ်သမား ၃၇ ဦးသာ ရှိသေးကြောင်း သိရသည်။ (ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးအား တွေ့ရစဉ်)

အေးချမ်းမွန် Credit To >Eleven Media Group
2

Post a Comment

 
Top