0
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ အော်ပရေတာ လုပ်ကိုင်ခွင့် တင်ဒါအောင်မြင်ထားတဲ့ ကာတာ အခြေစိုက် အော်ရီဒူး ကုမ္ပဏီဟာ အလုပ်အကိုင် အခွင့်အလမ်း ပြပွဲကို ရန်ကုန်မြို့မှာ နိုဝင်ဘာ ၃၀ နဲ့ ဒီဇင်ဘာ ၁ ရက်နေ့တွေမှာ ပြုလုပ်မယ်လို့ ကြေငြာထားပါတယ်။ ဆရာစံလမ်းနဲ့ တက္ကသိုလ်ရိပ်သာ လမ်းသစ်ဒေါင့်က သမ၀ါယမ စီးပွားရေးစင်တာမှာ ဖြေဖျော်ပွဲနဲ့ ပူးတွဲကျင်းပသွားမယ်လို့ ဆိုပါတယ်။ အော်ရီဒူးမြန်မာဟာ လောလောဆယ်မှာ ၀န်ထမ်း ၁၅၀ လောက်ရှိခန့်ထားပြီး ၂၀၁၄ အကုန်အထိ ၀န်ထမ်း ၁၀၀၀ လောက်ခန့်သွားမယ်လို့ ကုမ္မဏီ တာဝန်ရှိသူက ပြောပါတယ်။ ရေရှည်အတွက် ၀န်ထမ်း ၅၀၀၀ လောက်လိုအပ်မှာဖြစ်ပြီး ကုမ္ပဏီဝန်ထမ်း စုစုပေါင်းရဲ့ ၉၉ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံသားတွေဖြစ်စေရမယ်လို့ ကတိပေးထားပါတယ်။ အော်ရီဒူးဟာ မြန်မာနိုင်ငံမှာ 3G ကွန်ယက်တည်ဆောက်မှာဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁၅ ဘီလျံလောက်ရင်းနှီးမြှုပ်နှံမယ်လို့ ကြေငြာထားပါတယ်။

အေးချမ်းမွန် Credit To >DVB TV News < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top