0


နိုဝင်ဘာ ၁၇။

ပြင်သစ် အယူခံတရားရုံးတစ်ခုက လက်ရှိအချိန်တွင် နိုင်ငံသားခံယူထားသော ရ၀မ်ဒါလူမျိုးနှစ်ဦးကို ၁၉၉၄ခုနှစ်က လူပေါင်း ရှစ်သန်းခန့် အသက်အဆုံးရှုံးစေခဲ့သော တရားမ၀င် မျိုးတုန်းသတ်မှုများအတွက် ပြစ်မှုကျူးလွန်ရာ မူရင်း နိုင်ငံက အလိုရှိနေသည့်အတွက် အဆင့်မြင့်တရားရုံးတွင် စစ်ဆေးမှုများ စတင်ပြုလုပ်လျက်ရှိသည်။ အကယ်၍ ပြစ်မှု ကျူး လွန်သည်ဟု ယူဆနိုင်ကြောင်း ဆုံးဖြတ်ချက်ထွက်ခဲ့လျှင် မူရင်းနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း ပြင်သစ်က ဆိုသည်။

ထိုသို့သော မျိုးတုန်းသတ်ဖြတ်မှုအတွက် သံသယရှိသူများကို မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို ကနေဒါ နှင့် နော်ဝေ နိုင်ငံများက လုပ်လေ့လုပ်ထ ရှိသော်လည်း ပြင်သစ်နိုင်ငံကမူ မျှတသော တရားစီရင်ရေး ရှိမည် မဟုတ်ဟုဆို ကာ အချို့ကို ငြင်းဆန်ခဲ့သည်။

သို့သော် ယခုအခါ ၂၀၁၀ခုနှစ်က ပြင်သစ်နိုင်ငံသား အဖြစ် ခံယူထားခဲ့သူ အသက် ၅၂ နှစ်ရှိ ကလူဒီ နှင့် အသက် ၄၁ နှစ်ရှိ အင်နိုဆန့်တို့ အမှုတွင်မူ ပြင်သစ်အယူခံရုံးက ကနဦး စစ်ဆေးမှုများပြုလုပ်နေသည်။ အကယ်၍ အပြစ်ရှိသည်ဟု ယူဆလျှင် ပြင်သစ်သည် ရ၀မ်ဒါနိုင်ငံနှင့် အပြစ်သားများ အပြန်အလှန်လွဲပြောင်းပေးရေး သဘောတူ ညီချက်ကို လက်မှတ်ထိုးကာ ထိုနှစ်ဦးကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

ကလူဒီ သည် ကီဘူရီပြည်နယ် အနောက်ပိုင်းမှ မြို့တစ်မြို့တွင် တူစီလူမျိုးစုများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် အင်နိုဆန် မှာ ဂီဆန်ယီ အနောက်မြောက်ပိုင်း ကွန်ဂိုနယ်စပ်အနီးတွင်မှ မျိုးဖြုတ်သုတ်သင်မှုများ အတွက် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယခု ပြင်သစ်တွင် စစ်ဆေးနေသည့် ရ၀မ်ဒါနှစ်ဦး အမှုအကို သူတို့၏ ရှေ့နေ ဖီလစ်ပီက အယူခံဝင် လျက်ရှိ သည်။

ရ၀မ်ဒါတွင် ၁၉၉၄ခုနှစ် ဇွန်လ ၁၉ရက်က ပြဌာန်းခဲ့သော ဥပေဒေအရ မျိုးဖြုတ်သတ်ဖြတ်မှုများကို အပြစ်ပေးနိုင်ခွင့် ရှိသည်။ ရ၀မ်ဒါနှစ်ဦး၏ ကျူးလွန်မှုများသည် ထိုနှစ် ဧပြီလမှ စတင်ခဲ့သည်။ ထိုဖြစ်ရပ်များ မဖြစ်မီက ပြင်သစ်သည် ရ၀မ်ဒါ၏ တစ်ခုတည်းသော ကျောထောက်နောက်ခံ နိုင်ငံတစ်ခု ဖြစ်ခဲ့ပြီး မျိုးဖြုတ်သတ်ပွဲများနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေးများ နှစ်ကာလအတန်ကြာ ပျက်ပြားလာခဲ့သည်။ လတ်တလောနှစ်များတွင်မူ နှစ်နိုင်ငံ၏ စီးပွားရေးနှင့် သံတမန်ရေးရာများ ပြန်လည်ကောင်းမွန် လာခဲ့သည်။

Ref: Al jazeera

-------------------ACM-------------------
အေးချမ်းမွန် Credit To > The Myanma Age https://www.facebook.com/excellencemedia

Post a Comment

 
Top