သော်ဇင်ထက်
ရန်ကုန် ၊ နိုဝင်ဘာ ၈ ။ ။ ဖိလစ်ပိုင် နိုင်ငံတွင်တိုက်ခတ်နေသော စူပါ တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်း မြန်မာ နိုင်ငံသို့ ဝင်ရောက်နိုင်ခြေမရှိ ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြော သည်။
ယင်းက ''လောလောဆယ် တိုင်းတာမှုတွေအရ မြန်မာနိုင်ငံ ကို ထိခိုက်နိုင်ခြေမရှိပါဘူး။ ဗီ ယက်နမ်နိုင်ငံကို ဖြတ်ကျော်ဝင် ရောက်ပြီး အားပျော့သွားနိုင်ပါ တယ်''ဟု ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာ၏ ဆက်သွယ်မေး မြန်းမှုကို ဖြေကြားသည်။
အဆိုပါစူပါတိုင်ဖွန်းမုန် တိုင်းဟိုင်ယန်းသည် ဖိလစ်ပိုင် နိုင်ငံသို့ ဝင်ရောက်လေ့ရှိသော မုန်တိုင်းများအနက် နှစ်ပေါင်း တစ်ရာအတွင်း အင်အားအပြင်း ထန်ဆုံးမုန်တိုင်းဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်နေ ခဲ့ကြောင်း နိုဝင်ဘာ၈ရက် ညနေ ပိုင်းသတင်းများအရ သိရသည်။
ယင်းမုန်တိုင်းသည် မိုင် ၆ဝဝကီလိုမီတာအချင်းရှိပြီး တစ် နာရီ ၁၇၅မိုင်၊ မြေပြင်တိုက်ခတ် နှုန်း တစ်နာရီ ၂၀၅မိုင်အထိရှိ ကြောင်း သိရသည်။
အဆိုပါမုန်တိုင်းကြောင့် မြန်မာနိုင်ငံ အရှေ့ဘက်ကုန်းမြင့် ဒေသ များဖြစ်သော ရှမ်းပြည်နယ်၊ ကယားပြည်နယ်ဒေသများသို့ မုန် တိုင်းသက်ရောက်မှုကြောင့် မိုး ရွားသွန်မှုများ ဖြစ်ပေါ်နိုင်သော် လည်း စိုးရိမ်စရာအနေအထား မရှိကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံတွင် အဆိုပါ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ် လမ်း ကြောင်းတစ်လျှောက်တွင် နေ ထိုင်သူပေါင်း ၂၅သန်းခန့်ရှိပြီး မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖိလစ် ပိုင်တွင် မိုးသည်းထန်စွာရွာသွန်း ကာ မြေပြိုမှုများ၊ ရေကြီးမှုများ ဖြစ်ပေါ် လျက်ရှိကြောင်း သိရ သည်။
အေးချမ်းမွန် Credit To >Yangon Media Group <Thanks
https://www.facebook.com/
Post a Comment