0

Wednesday, November 6, 2013

ဒီနှစ်အတွက် အာဆီယံ ကြည်းတပ်မတော်များ သေနတ်ပစ်ပြိုင်ပွဲ (AARM) ကို ပြင်ဦးလွင်/မေမြို့မှာ ကျင်းပနေတာ တပတ်ကြာပါပြီ။ အစွမ်းပြနိုင်သူတွေကို ဆုပေးရာမှာ သက်ဆိုင်ရာ နိုင်ငံ အလံတွေ လွှင့်တင်ပါတယ်။

မြန်မာအလံတော့ မပါပါဘူး။

မြန်မာတွေ သေနတ်ပစ်ညံ့လာတဲ့သဘောလား။
အဲဒီလိုတော့ မဟုတ်ပါဘူး။ တနင်္လာနေ့ကတော့ မြန်မာနိုင်ပြီ ဆိုတာကို ပြိုင်ပွဲအွန်လိုင်းစာမျက်နှာတခုမှာ တွေ့ရပါတယ်။ ပုံမှာ မြင်ကြရတဲ့အတိုင်း မြန်မာအလံကို ကိုင်ပြီး အောင်ပွဲခံနေကြပါပြီ။

မြန်မာတွေ အိမ်ကွင်းမှာ အစွမ်းမပြနိုင်ဘူးဆိုရင် ရာဇဝင်ရိုင်းတော့မယ် မဟုတ်လား။

ပြိုင်ပွဲ ဆိုတာတွေကလည်း တခါတလေတော့ လက်တွေ့နဲ့ အတော်လေး ကင်းကွာတတ်တဲ့သဘော ရှိပါတယ်။

တချို့ကတော့ ပြိုင်ပွဲမှာလည်း အစွမ်းပြ၊ လက်တွေ့မှာလည်း အစွမ်းပြသူတွေ ဖြစ်နေတတ်ပါတယ်။

မြန်မာအသင်း အောင်ပွဲခံနေပုံတချို့ကို ပြိုင်ပွဲအွန်လိုင်းကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။ လိပ်စာက https://www.facebook.com/aarm2013ဖြစ်ပါတယ်။

အေးချမ်းမွန် Credit To >ဧရာဝတီhttps://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top