0


Created on Saturday, 09 November 2013 17:40

အရှုံးပေါ်နေသော ရထားကဏ္ဍအတွက် ရန်ကုန်-မန္တလေးနှင့် ရန်ကုန်မြို့ပတ် ရထားလိုင်းရိုးရိုးတွဲ ၁၄ ဆိုင်းတွင် ကြော်ငြာတပ်ဆင်ခြင်းနှင့် ရုပ်မြင်သံကြား တပ်ဆင်ခြင်းစသည့် ဖျော်ဖြေရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များအား တင်ဒါစတင် ခေါ်ယူ သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် မြန်မာမီးရထားပိုင်မြေများနှင့် မြစ်ကူးတံတားများ၊ လူကူး ခုံးကျော်တံတားများတွင်လည်း ကြော်ငြာများတပ်ဆင်ခြင်း လုပ်ငန်းများကိုလည်း ပုဂ္ဂလိကသို့ တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့်ကို ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလအတွင်းက ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး ပြောကြားချက်အရ ရထားပို့ဆောင်ရေး ကဏ္ဍတွင် လက်ရှိပြေးဆွဲနေသည့် ရထားအခါက်ရေ ၁၀၀ ရာခိုင်နှုန်းတွင် ခုနစ် ရာခိုင်နှုန်းခန့်သာ အမြတ်အစွန်း အနည်းငယ် ကျန်ရှိနေသည့်အတွက် ရန်ကုန်ဘူတာကြီးနှင့် မြန်မာနိုင်ငံအတွင်း ပြေးဆွဲနေသော ရထားလိုင်းများတွင် ကြော်ငြာလုပ်ငန်းများကို လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြောကြားချက်အရ နိုဝင်ဘာလ ၈ ရက်က ကြော်ငြာနှင့် ဖျော်ဖြေရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ယူမှု ပြုလုပ်ခဲ့ပြီး တင်ဒါခေါ်ယူမှု စနစ်တွင် မြန်မာနိုင်ငံသား ပုဂ္ဂလိက လုပ်ငန်းရှင်များကို ခေါ်ယူထားပြီး တင်ဒါ အဆိုပြုလွှာနှင့် ငွေကြေးဆိုင်ရာ အဆိုပြုလွှာတို့ကို နိုဝင်ဘာ ၂၂ ရက်တွင် နောက်ဆုံးထား တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

တင်ဒါ ခေါ်ယူမှုစနစ်အရ ယခုနှစ် နောက်ဆုံးထားပြီး ယင်းလုပ်ငန်းများကို ပုဂ္ဂလိကသို့လုပ်ဆောင်ခွင့်ပေးရန် ရှိမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ ရထားကဏ္ဍတွင် ယခုနှစ် နောက်ပိုင်း၌ ပြည်ပ၏ အကူအညီ ချေးငွေများဖြင့် ပြုလုပ်ရန် စီစဉ်နေသည့်အပြင် ကိုယ်ပိုင်မီးရထား စက်ခေါင်းများ၊ လူစီးတွဲများကိုပါ ထုတ်လုပ်နိုင်ရန်အတွက် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်ဘူတာကြီးနှင့် မန္တလေး ဘူတာကြီးတို့ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်နှင့် ဟိုတယ်များ ပြုလုပ်ရန်အတွက် ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်းများနှင့် ပြည်ပလုပ်ငန်းရှင်များကို လက်ခံ လုပ်ကိုင်နိုင်ရန် ဆွေးနွေးနေကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့ပတ်ရထား တစ်စင်းအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia
1

Post a Comment

 
Top