0

မောင်ပိုင်

နေပြည်တော် ၊ နိုဝင်ဘာ ၂၁ ။ ။ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေ သည် အစိုးရအခန်းကဏ္ဍ၊ ပုဂ္ဂလိ ကအခန်းကဏ္ဍတို့မှ နိုင်ငံတော်စီး ပွားရေးတိုးတက်ရန်အတွက် အ ဓိကကျကြောင်း သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနမှ ဒုတိယဝန် ကြီး ဒေါက်တာအောင်ကျော် မြတ် က ပြောသည်။

နိုဝင်ဘာ ၂ဝရက်က နေ ပြည်တော် သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာနတွင် ကမ္ဘာ့ကုန်သွယ်မှု အဖွဲ့(WTO) နှင့်ပူးပေါင်းကျင်းပ သော ကုန်သွယ်မှုနှင့်သက်ဆိုင် သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် သဘောတူညီချက်ဆိုင်ရာဆွေး နွေးပွဲတွင် ယင်းသို့ပြောကြားခြင်း ဖြစ်သည်။

''ကျွန်တော်တို့ရဲ့အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဥပဒေကို ကုန်သွယ် မှုနှင့်သက်ဆိုင်သော အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်(TRIPS) သဘော တူညီချက်နဲ့အညီ ရေးဆွဲထားတာ ကြောင့် (TRIPS) ရဲ့ပြဋ္ဌာန်းချက် တွေကို ရှင်းရှင်းလင်းလင်းသိနိုင် အောင်လို့ ဒီဆွေးနွေးပွဲကို ကျင်းပ ရခြင်းဖြစ်ပါတယ်''ဟု ဒုတိယဝန် ကြီးက ပြောသည်။

ဒုတိယဝန်ကြီးက ''ကမ္ဘာ့အ သိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဖြစ် တဲ့အတွက် အသိဉာဏ်ပစ္စည်းမူ ပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို အ ကောင်အထည်ဖော်ရန် တာဝန် ရှိပါတယ်။ ဒါကြောင့် ကျွန်တော် တို့ဟာ အသိဉာဏ်ပစ္စည်း မူပိုင် ခွင့်နဲ့ဆက်စပ်လျက်ရှိတဲ့ စီးပွား ကူးသန်း၊ ပြန်ကြားရေး ၊ ပြည် ထောင် စုရှေ့နေ ချုပ်ရုံးတို့နဲ့ ညှိ နှိုင်းဆောင်ရွက်လျက်ရှိသလို တခြားသော အပြည်ပြည်ဆိုင် ရာအဖွဲ့အစည်းများဖြစ်တဲ့ AW-GIPC ၊ WTO ၊ WIPO စတဲ့အ ဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင် ရွက်လျက်ရှိပြီး မြန်မာနိုင်ငံမှာ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ် တိုးတက်ရန်နဲ့အကောင် အထည် ဖော်ဆောင်ရွက်ရန် ကြိုးပမ်းအား ထုတ်နေပါတယ်။

ကျွန်တော်တို့ ဝန်ကြီးဌာနဟာ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဥပဒေနယ်ပယ်ရှိ ဂျပန် တီထွင်မှု မူပိုင်ခွင့်ဥပဒေရုံးနှင့် အပြန်အ လှန်ဆွေးနွေးပြီး ဆွေး နွေး မှုမှတ်တမ်းကိုလဲ လက်မှတ် ရေးထိုးပြီးဖြစ်ပါတယ်''ဟုပြော ကြားခဲ့သည်။

ယင်းအပြင် ဒုတိယဝန်ကြီး က မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူ ပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင် ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူ ပိုင်ခွင့်ဥပဒေတို့အား မူကြမ်းအ ဆင့်ပြီးစီးပြီး လွှတ်တော်သို့တင် နိုင်ရန်ဆောင်ရွက်လျက် ရှိကြောင်း၊ လာမည့်လွှတ်တော်ကာလအ တွင်း တင်နိုင်ဖွယ်ရှိကြောင်း သ တင်းထောက်များအား ပြောကြား ခဲ့သည်။

အေးချမ်းမွန် Credit To > Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top