0
[ Voice of the Day ]

နိုင်ငံတစ်နိုင်ငံရဲ့ သယံဇာတ ဆိုတာဟာ နိုင်ငံသားတိုင်း ပိုင်ဆိုင်တဲ့အရာ ဖြစ်ပါတယ်။ အဲဒီသယံဇာတ ထဲမှာ တန်ဖိုးမဖြတ်နိုင်တာက ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ အရည်အချင်း ဖြစ်ပါတယ်။ နိုင်ငံသားတိုင်းဟာ သူ့နိုင်ငံက ပိုင်ဆိုင်တဲ့ သယံဇာတများကို ခံစားပိုင်ခွင့် ရှိရမှာဖြစ်သလို နိုင်ငံမှာ ပေါ်ထွန်းလာတဲ့ ခေါင်းဆောင် ကောင်း တစ်ယောက်ရဲ့ အရည်အချင်း ကိုလည်း ရယူခံစားပိုင်ခွင့် ရှိရမှာဖြစ်ပါတယ်။ အရည်အချင်း ရှိသူကို မျက်မြင်ထင်ရှား တွေ့နေပါလျက်နဲ့ တစ်စုံတစ်ရာသော ပိတ်ပင်တားမြစ် ကန့်သတ်ချုပ်ချယ်မှုကြောင့် ထိုခေါင်းဆောင်ဖြစ်ထိုက်သူရဲ့ အရည်အသွေး များကို နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် အသုံးမချနိုင်ခဲ့ဘူး ဆိုရင်၊ အသုံးချခွင့် မရခဲ့ဘူးဆိုရင် အဲဒါဟာ နိုင်ငံရဲ့ နိုင်ငံသားများအတွက် များစွာနစ်နာခြင်း ပါပဲ။ အစားပြန် မရနိုင်တဲ့ ဆုံးရှုံးမှုပါပဲ။ ချောကလက်ကို စားခွင့်ကြုံပါလျက် ကြံသကာ ကိုပဲ ခဲရမယ် ဆိုတာမျိုး၊ ပန်းသီးကို စားခွင့်ရှိပါလျက်နဲ့ ထန်းသီးပဲ ကိုက်ရဝါးရမယ်လို့ တားမြစ်ချုပ်ချယ်တာမျိုး ကတော့ လက်ခံဖို့ ခက်လှပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့ထုတ် Messenger ဂျာနယ်ပါ “ပန်းသီးကိုစားခွင့် ရှိပါလျက်နဲ့ ထန်းသီးတော့ မဝါးပါရစေနဲ့” ဆောင်းပါးမှ ကောက်နုတ်ချက်

အေးချမ်းမွန် Credit To >The Voice Weekly

Post a Comment

 
Top