0


ထီးချိုင့်၊ နိုဝင်ဘာ ၂၀။

တကောင်းတောင် ဖယ်ရိုနီကယ်စီမံကိန်း ၀င်ရောက်
လာပြီးနောက် တရုတ်စားသောက်ဆိုင်များ များပြားစွာ ၀င်ရောက်လာခြင်းအပေါ် ဒေသခံများအနေဖြင့် စိုးရိမ်
နေကြကြောင်း ၎င်းတို့က ပြောကြားသည်။

ယင်းစီမံကိန်းကို မြန်မာနိုင်ငံသတ္တုတွင်းဝန်ကြီးဌာန
အမှတ်-၃သတ္တုတွင်းနှင့် တရုတ်နိုင်ငံ CNICO ကုမ္ပဏီ တို့မှ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်သူအဖြစ် ယခင်စစ်အစိုးရလက်ထက်ကတည်းက စာချုပ်ချုပ် ၍လုပ်ကိုင်နေခဲ့ခြင်းဖြစ်ကြောင်း တကောင်းတောင်
နီကယ် သတ္တုတူးဖော်ရေးစီမံကိန်းတွင် လုပ်ကိုင်နေ
သည့် ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

“တရုတ်ဘီယာ၊ တရုတ်ဆေးလိပ် အလုံးအရင်းနဲ့
ဝင်လာတယ်။ အနှိပ်ခန်းတွေရောပဲ။ ဒီဒေသရဲ့လူငယ်တွေ
အတွက် စိုးရိမ်ရပါတယ်”ဟု ထီးချိုင့်ခရိုင်ကွန်ရက်မှ မအေးသူဇာကပြောကြားသည်။

စီမံကိန်းဝင်လာပြီးနောက် အနှိပ်ခန်းများ၊ တရုတ်ဘီယာ၊
ဆေးလိပ်၊ စားသောက်ဆိုင်များပေါများလာ ပြီး ဒေသခံ
လူငယ်များလည်း ယင်းတို့ကို အလွယ်တကူရ၍ သောက်စား သုံးစွဲမှုများရှိလာကြောင်းနှင့် လူငယ်များတွက် မိဘများမှာ
လည်း စိုးရိမ်ပူပန်နေရကြောင်း ဒေသခံများက ပြောကြား
သည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ အနာဂတ်အတွက် ကျန်းမာရေး၊
စီးပွားရေး စိုးရိမ်ရပါတယ်။ စီမံကိန်းက ဖြေရှင်းဆောင်ရွက်
ပေးဖို့ လိုနေတဲ့ အချက်တွေ အများကြီးရှိနေပါတယ်”ဟု
Myanmar Mobile Institute မှ ဦးထက်ဦးကျော်က
ပြောကြားသည်။

ယင်းဒေသတွင် စီမံကိန်းဝင်လာပြီးနောက် လူထု၏
ကျန်းမာရေးအခြေအနေ ထိခိုက်မှုများရှိလာခြင်း၊ တရုတ်
စားသောက်ဆိုင်၊ အနှိပ်ခန်းများ၊ ဘီယာဆေးလိပ်များကြောင့် လူငယ်များအနာဂတ်အတွက် စိုးရိမ်နေရကြောင်း စီမံကိန်း
ဖြေရှင်းဆောင်ရွက်ရန် အဓိကအချက်ကြီး ၅ချက် ဖြစ်သည့်
ဒေသခံတောင်သူများ၏ လယ်ယာ မြေများပေါ်သို့ မြေနီဖုံး
လွှမ်းမှု၊ လယ်ယာမြေများသိမ်းဆည်းထားမှု၊ အလုပ်သမား
အခွင့်အရေး ဆုံးရှုံးမှု၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်း ထိန်းသိမ်းပေးရန်နှင့် ဒေသအတွင်း စားသောက်ဆိုင်၊ အနှိပ် ခန်းများပေါများလာမှုတို့ကို ဖြေရှင်းပေးရန် လိုနေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ အစိမ်းရောင် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရေးသားသူ- မောင်ထက်
တည်းဖြတ် - ဂျူးဂျူးလှိုင်

အေးချမ်းမွန် Credit To > People power https://www.facebook.com/excellencemedia

Post a Comment

 
Top