ဖြိုးလွင်အောင်
ရန်ကုန် ၊ နိုဝင်ဘာ ၁၉ ။ ။ ကြွေးကျန် အခွန်ငွေပေးသွင်းရန် ကျန်ရှိနေသည့်ကုမ္ပဏီများ ယခုနှစ်ဒီဇင် ဘာလအတွင်း လာရောက်မပေး သွင်းပါက ဒဏ်ကြေးငွေအဖြစ် သတ်မှတ်အခွန်ငွေ ထက် နှစ်ဆ ပေးသွင်းရမည်ဖြစ်ကြောင်း အခွန် ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့မှ သိရသည်။
လက်ရှိကုမ္ပဏီများမှ ပေး သွင်းရမည့် ကြွေးကျန်အခွန်ငွေ များမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်အတွက် ပေးသွင်းရမည့်ကြွေး ကျန်များဖြစ်ပြီး အခွန်ပေးသွင်း ရမည့်ရက်ကို ပြီးခဲ့သည့် ဇွန်လတွင် သတ်မှတ်ထားသော် လည်း လာ ရောက်ပေးသွင်းခြင်းမရှိသည့် ကုမ္ပ ဏီများစွာရှိနေကြောင်း အခွန် ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌသူရဦးသောင်း လွင်က ပြောသည်။
သူရဦးသောင်းလွင်က ''၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ကုမ္ပဏီအခွန်တွေကို မတ်လမှာ အပြီးပေးသွင်းရမှာ ဖြစ်ပေမယ့် သူတို့ စာရင်းပြုစုနိုင်ဖို့အတွက် ဧပြီ၊ မေ၊ ဇွန် သုံးလအချိန်ပေးပြီး ဇွန်လမှာ အပြီးသွင်းဖို့သတ်မှတ် ထားတာပါ။ ဒါကို ကုမ္ပဏီတွေ က အခွန်မပေးရတော့ဘူး။ အခွန် မလိုက်တော့ဘူးထင်ပြီး မပေးဘဲ နေကြတယ်။ အခုအခွန်ကြွေး ကျန်တွေကို အမြန်ဆုံးလာမသွင်း ဘူးဆိုရင် တစ်ဖက်သတ်ဒဏ်ငွေ ခွန်အဖြစ် မနှစ်က အခွန်၅၀၀၀ သွင်းရရင် ဒီနှစ် ၁၀၀၀၀ သွင်း ရမယ်''ဟု ပြောသည်။
လက်ရှိတွင် အခွန်ကောက် ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ မှ ကြွေးကျန် အခွန် ပေးသွင်းရ မည့် ကုမ္ပဏီများ၏ ရုံးတည်နေ ရာစာရင်းများကို မြို့နယ်၊ ရပ်ကွက် အထွေထွေ အုပ်ချုပ်ရေးမှူးများ နှင့် စာရင်းပြုစု၍ကုမ္ပဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။
လက်ရှိ ကြွေးကျန်အခွန် ငွေ ပေးသွင်းရန်ကျန်ရှိနေသည့် ကုမ္ပဏီများတွင် လက်ရှိနာမည် ကြီးကုမ္ပဏီကြီးများလည်း ပါဝင် ပြီး စုစုပေါင်းကုမ္ပဏီ ၃၀၀၀၀ ကျော် အခွန်ပေးသွင်းရန်ကျန်ရှိ နေသေးကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Yangon Media Group
Post a Comment