မဇ္ဈိမသတင်းဌာန| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၁၃ ခုနှစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ကြည့်မြင်တိုင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ရွှေညဝါဆရာတော် တရားပွဲကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်သည်ဟုဆိုကာ တရားပွဲစီစဉ်သူများ တရားစွဲခံရသည်ဟု နိုဝင်ဘာ ၂၀ ရက်တွင် တရားစွဲခံထားရသူက မဇ္ဈိမကို ပြောကြားလိုက်သည်။
အဆိုပါ တရားပွဲမှာ ဆေးရိုးတန်းငြိမ်းချမ်းရေးရပ်ကွက်တွင်နေထိုင်သည်
တာဝန်ယူကျင်းပခဲ့သူ ဦးနုက “လောလောဆယ်တော့ ခေါ်ရုံပဲ ခေါ်ထားသေးပါတယ်။ တရားရုံးတွေ ဘာတွေ ရင်မဆိုင်ရသေးပါဘူး၊ ၂ ရက်နေ့မှာတော့ ရုံးချိန်းခေါ်ထားပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
တရားပွဲကျင်းပသည့် နိုဝင်ဘာ ၁၄ ရက် ညနေ ၆ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူ
ယင်းကဲ့သို့ကျင်းပခဲ့ခြင်းပြီး ခွင့်ပြုချက်မရှိဘဲ တရားပွဲ ဦးစီးကျင်းပသူ ဦးနု၊ ဦးရဲဆွေခိုင်တို့ နှစ်ဦးကို တရားစွဲထားခြင်းလည်းဖြစ်သည်။
“ခွင့်ပြုချက်တင်ပြီးလုပ်တာ ဒီမှာသက်သေခံအထောက်အထားအကုန်ရှိ
ယင်းတို့နှစ်ဦးကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေပုဒ်မ ၂၁ အားဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရသဖြင့် ဥပဒေပုဒ်မ ၂၆ နှင့်အညီ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်မင်းက နိုဝင်ဘာ ၁၉ ရက်တွင် ကြည့်မြင့်တိုင်မြို့နယ်တရားရုံ
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွှေညဝါဆရာတော်က "နိုင်ငံသားတွေရဲ့ နိုင်ငံသားအခွင့်အရေးအရ လွတ်လပ်စွာကိုးကွယ်ခွင့်၊ ယုံကြည်ခွင့်၊ နားထောင်ခွင့်၊ ဖူးမြော်ခွင့်၊ ဒီအခွင့်အရေးတွေကို သူတို့တွေ နားမလည်လို့ သနားတဲ့စိတ်နဲ့ သူတို့ကို တရားသဖြင့် ရင်ဆိုင်သွားဖို့ ကျင်းပရေးခေါင်းဆောင်ဖြစ်တဲ့ တကာကြီးဦးနုကို မိန့်ကြားထားတယ်။ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်စွဲဆိုတဲ့ စာအုပ်ကိုကိုင်ပြီး တရားစွဲထားတာကိုး၊ စာအုပ်ကြီးတွေနဲ့ လုပ်နေတဲ့ ခေတ်မဟုတ်တော့ပါဘူး"ဟု တရားပွဲစီစဉ်သူများ တရားစွဲဆိုခံရခြင်းအပေါ် မှတ်ချက်ပေးသည်။
လက်ရှိတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ တိုင်တန်းမှုကို ပြစ်မှုကြီးအမှတ် ၁၂၄၅/
အဆိုပါကိစ္စကို မြို့နယ်အုပ်ချုပ်ရေးမှုးသို့ ဆက်သွယ်မေးမြန်းရာ အုပ်ချုပ်ရေးမှုးရုံးသို့ လာလျှင် ဖြေကြားမည်ဟု ဆိုသည့်အတွက် သွားရောက်ရာတွင် ညနေ ၄ ၄၉ မိနစ်တွင် ရောက်ရှိခဲ့သော်လည်း အုပ်ချုပ်ရေးမှုးမှာ မရှိတော့ဘဲ အဆိုပါ ရုံးမှ ဝန်ထမ်းများကလည်း အုပ်ချုပ်ရေးမှုးကို ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်ကို ပေး၍ မရကြောင်း ပြန်လည် ဖြေကြားလိုက်သည်။
အေးချမ်းမွန် Credit To >Mizzima - News in Burmese
Post a Comment