0


၂၀.၁၁.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးက ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နဲ့ တွေ့ဆုံပြီး ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှု ၂ ဆ မြှင့်တင်ချင်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက့်က ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံတွေနဲ့ နယူးဇီလန်၊ ဩစတြေးလျနိုင်ငံတို့ဟာ လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူစာချုပ် ချုပ်ထားတဲ့ ကုန်သွယ်ဖက်နိုင်ငံတွေဖြစ်ပါတယ်။
ထိုင်းနိုင်ငံနဲ့ နယူးဇီလန်နိုင်ငံတို့ဟာ အနီးကပ် ကုန်သွယ်ဖက်စာချုပ် Closer Economic Partnership (CEP ကိုလည်း ၂၀၀၅ ခုနှစ်ကလည်း လက်မှတ် ထိုးထားပါသေးတယ်။
ထိုင်းနိုင်ငံဟာ နယူးဇီလန်နိုင်ငံရဲ့ ၁၀ နိုင်ငံမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဂျွန်ကီးက “၂၀၂၀ မှာ ကုန်သွယ်ရေးကို ၂ဆ မြှင့်တင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီနေ့ ၀န်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့တာကတော့ ကျနော်တို့ရဲ့ အနီးကပ် ကုန်သွယ်ဖက်စာချုပ်ကို လက်ရှိ စီးပွားရေးလိုအပ်ချက်တွေအတွက် ပြန်ညှိပြီး နောင်စီးပွားရေး တိုးချဲ့လာတဲ့အခါမှာလည်း အခြေခံကောင်းတွေအတွက် ပြင်ဆင်ထားဖို့ပါ။” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၆၃ သန်း ရှိခဲ့ပါတယ်။
နှစ်နိုင်ငံဝန်ကြီးချုပ်တို့ဟာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ၊ ခရီးသွားလုပ်ငန်းတွေအပြင် ပညာရေး၊ သိပ္ပံနဲ့ နည်းပညာ တီထွင်ဆန်းသစ်မှုကဏ္ဍတွေမှာလည်း နှစ်နိုင်ငံ အကျိုးတူဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

အေးချမ်းမွန် Credit To >DVB https://www.facebook.com/excellencemedia

Post a Comment

 
Top