0


ရန်ကုန်၊ နိုဝင်ဘာ ၂၂

နိုင်ငံတော်အတွက် အခွန်ပိုမို ရရှိရန်နှင့် အခွန်ထမ်းပြည်သူများ သက်သာစေရန် အခွန်နှုန်းများ လျှော့ချ၍ ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံခြင်းကြောင့် ယခင်နှစ်ထက် အခွန်ရရှိမှု ပိုများလာကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ပြောကြားသည်။
“တစ်ယောက်တည်းက တစ်ဆယ်ပေးဆောင် နေတာထက်စာရင် ဆယ်ယောက်လောက်က နှစ်ကျပ်စီ ပေးဆောင် လိုက်မယ်ဆိုရင် ပေးတဲ့ လူတွေကလည်း ပေးချင်မယ်။ ဒါကြောင့် ကောက်ခံ ရရှိမှုကတော့ ပိုများလာတယ်” ဟု ၎င်းကပြောဆိုသည်။

ယင်းသို့ အခွန်နှုန်း နည်းနည်းဖြင့် ပြောင်းလဲ ကောက်ခံခြင်းကြောင့် ယခု ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း အခွန်ကောက်ခံ ရရှိမှုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် ပိုမိုရရှိကြောင်း၊ ယခုဘဏ္ဍာနှစ်ဝက် အတွင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်း အခွန်များရုံးမှ တစ်ဦးချင်း အခွန်ကောက်ခံ ရရှိမှုမှာ ကျပ် ၃၀၄ ဒသမ ၀၄၂ ဘီလီယံ ရှိပြီ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဘဏ္ဍာနှစ် တစ်နှစ်လုံး တစ်ဦးချင်း အခွန်ကောက်ခံ ရရှိမှုမှာ ကျပ် ၅၄၆ ဘီလီယံသာ ရရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။

ကုမ္ပဏီများကို ယခင်နှစ်က အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံရာမှ ယခုနှစ်တွင် ၂၅ ရာခိုင်နှုန်း၊ စားသောက်ဆိုင် များကိုလည်း ယခင်နှစ်က ကုန်သွယ်လုပ်ငန်းခွန် အနေဖြင့် ၁၀ ရာခိုင်နှုန်းမှ ယခုနှစ်တွင် ၅ ရာခိုင်နှုန်း၊ ဟိုတယ် များကိုလည်း ၁၀ ရာခိုင်နှုန်း ကောက်ခံရာမှ ၅ ရာခိုင်နှုန်းသို့ လျှော့ချ ကောက်ခံနေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top