0

သူသူထက်လွင်

ရန်ကုန် ၊ နိုဝင်ဘာ ၃ ။ ။ ဆင်ဖြူ မုန်ယိုသည့်ဖြစ်စဉ်နှင့် နိုင်ငံတော် သမ္မတအမည်နှင့် ဆင်တူသည့် ဆင်ဦးစီးသေဆုံးမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် နိ မိတ်ဆိုးများပပျောက်စေရန်အ တွက် ဗုဒ္ဓယတြာအဖြစ် သင်္ဂါယ နာတင်ရန်လို အပ်သည်ဟု နက္ခတ် သိပ္ပံအဖွဲ့မှ နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကိုက ထုတ်ဖော်ပြော ကြားလိုက်သည်။

''ဆင်ဖြူဆိုတာ တိုင်းပြည် ရဲ့ရတနာပါ။ တိုင်းပြည်ရတနာ က တိုင်းပြည်ရဲ့ နိမိတ် ကိုဆောင် တယ်။ ရိုးရိုးမုန်ယိုတာဆိုရင် ပြဿနာမရှိပေ မယ့် သေ ဆုံးသွား တဲ့သူက သမ္မတကြီးနဲ့ နာမည်ဆင်တူသူ ဖြစ်နေတော့ သမ္မတကြီး ကိုယ် တိုင်လဲ သတိထား ရမယ့်အခြေ အနေဖြစ်နေတယ်။ ဆင်ဖြူရတနာ မုန်ယိုတဲ့ဖြစ်စဉ်၊ နိုင်ငံတော်သမ္မတ နာမည်တူ ဆင်ဦးစီးသေဆုံး တာ ကောင်းကျိုးတရားဖြစ်လာလိမ့် မယ်လို့ ဘယ်ပညာရှင်ကမှ သုံး သပ်မှာမဟုတ်ပါဘူး။ တစ်နည်း အားဖြင့် ဆိုရင် တော့ နိုင်ငံတော် သမ္မတကြီးအနေနဲ့ ကံညံ့တွေကြုံ နေတဲ့အချိန်မှာ နတ်ကောင်း နတ်မြတ်တွေက စောင့်ရှောက်တဲ့ အတွက် နိုင်ငံတော်သမ္မတနေရာ မှာ အခြားကံနိမ့်တဲ့ နာမည်တူ ဆင်ဦးစီးက အခုလိုမျိုးဖြစ်သွား တယ်လို့ သုံးသပ်နိုင် ပါတယ်။ အ ခုလိုမျိုးဖြစ်သွားတာက တိုင်းပြည် မှာ သတိပြုဖို့ လိုအပ်ပါတယ်။ ကျွန်တော်အရင်က ထုတ်ပြန်ထား တဲ့အတိုင်း အုပ်ချုပ်သူနဲ့ ပြည်သူ တွေမှာ ကံ အညံ့တွေကြုံမယ်။ ဒီ နှစ်မှာ နေအပြည့်ကြပ်တဲ့ဖြစ်စဉ် လဲဖြစ်ခဲ့ပြီး နိုင်ငံရေး မတည်ငြိမ် မှု၊ အစိုးရနဲ့ ပြည်သူအကြားနား လည်မှုလွဲချော်မှုဖြစ်စဉ်တွေ ဒီ နှစ်ကုန်ပိုင်းမှာ ဖြစ်လာနိုင်တယ်။ အဲလိုမျိုးမဖြစ်အောင် ဗုဒ္ဓယတြာ ကြီးတွေလုပ်ရမယ့် အချိန်ဖြစ်တယ်'' ဟု ဦးဇေယျာကိုက ထပ်မံပြော သည်။

အေးချမ်းမွန် Credit To > ရန်ကုန်တိုင်းမ် သတင်းစာhttps://www.facebook.com/excellencemedia

Post a Comment

 
Top