0

ရက် နှစ်ဆယ်ကျော်ကြာ အောင် အစားအသောက်ရိက္ခာ ပြတ်တောက်နေတဲ့ နမ့်လင်းပါ့ကျေးရွာကို အစိုးရတပ်များ ၀င်ရောက် ပစ်ခတ်မှုကြောင့် ဒုက္ခသည် ပေါင်း တစ်ထောင်ငါးရာကျော် နဲ့ ရွာသား ငါးရာကျော် ဟာ ကစင့်ကလျားထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ၀မ်ပေါင်နင်းထွဲ အဖွဲ့မှ ဒေါ်မေရီတောင် ကပြောပါတယ်။
အစားအသောက်ရိက္ခာပြတ်တောက်နေတဲ့ နမ့်လင်းပါးဒုက္ခသည်စခန်းကို ရိက္ခာပို့တဲ့ကား ရောက်ပြီး နောက်မှာ ဒုက္ခသည်စခန်းတွေကို အစိုးရတပ်များ ၀င်ရောက် ထိန်းသိမ်းခဲ့တာဖြစ်ပြီး လူထု အခြေပြု အဖွဲ့ အစည်းအချို့မှ ၀န်ထမ်းတွေလည်းပိတ် မိနေတယ်လို့ သိရပါတယ်။

Author နန်းလွင်

အေးချမ်းမွန် Credit To > Kumudra
https://www.facebook.com/excellencemedia

Post a Comment

 
Top