0


လက်ဘနွန် ကြည်းတပ်သည် အမေရိကန်လုပ် စက်သေနတ်များကို မြို့တော် ဘေရွတ်တွင် နိုဝင်ဘာ ၈ ရက်၌ လက်ခံရရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရသိရသည်။ နှစ်နိုင်ငံ သဘော တူညီချက်များအရ လက်ဘနွန် ထောက်ပံ့ပို့ဆောင်ရေး တပ်မဟာသည် Rafic Hariri နိုင်ငံတကာ လေဆိပ်တွင် အမေရိကန် စစ်ဘက် အကူအညီများကို လက်ခံရရှိခဲ့ကြောင်း၊ လက်ဘနွန် လေ တပ်သည် နိုဝင်ဘာ ၆ ရက်၌ အမေရိကန် နိုင်ငံလုပ် Cessna အမျိုးအစား လေယာဉ်တစ်စင်း ကိုလည်းကောင်း၊ ၂ဝ၁၃ ခုနှစ် ဦးပိုင်းတွင်လည်း Huey ရဟတ်ယာဉ် ခြောက်စင်းနှင့် ကမ်းခြေစောင့် ရေ ယာဉ်တစ်စင်းကို လည်းကောင်း လက်ခံ ရရှိခဲ့ကြောင်း သိရသည်။

အမေရိကန်သည် လက်ဘနွန် နိုင်ငံအား ၂ဝဝ၆ ခုနှစ်ကတည်းက စစ်ဘက်ဆိုင်ရာ ကူညီ ထောက်ပံ့မှုများ ပေးလျက်ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာ တစ်ဘီလီယံ ရှိပြီဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To > မြ၀တီ https://www.facebook.com/excellencemedia

Post a Comment

 
Top