ဘိုကလေး နိုဝင်ဘာ ၎
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေး မြို့နယ်အတွင်းရှိ ဒီရေတောများ အတွင်း ရောက်ရှိနေသောတောဆင်ရိုင်းများကို သစ်ထုတ်ဌာနမှ ဆင်ရိုင်း ဖမ်း အဖွဲ့က ဖမ်းဆီးရေးဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂ ရက် ည ၇ နာရီတွင် ဆင် ရိုင်းတစ်ကောင်ဖမ်းဆီးရမိခဲ့သည်။ ထိုသို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက် ၍ ဒေါက်တာဇော်မင်းဦး (လက်ထောက် မန်နေဂျာ၊ ဆင်ဆေးကု၊ မြန်မာ့သစ်လုပ် ငန်း သစ်ထုတ်ရေးဌာန)က ]]ဆင်အမျိုး ထဲမှ အစွယ်နှစ်ဖက်တိုတိုလေးပါတဲ့ ထီးဟန် အမျိုးအစားဆင်ထီးဖြစ်ပါ တယ်၊ ဖမ်းလေ့ဖမ်းထမရှိတဲ့ ရွှံ့နွံထူထပ် တဲ့ ဒီရေတောလိုနေရာမျိုး မှာ ဖမ်းရ တဲ့အတွက် ဆင်ယဉ်တွေအတွက် အခက်အခဲရှိပါတယ်။ ကျွန်တော်တို့ အဖွဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာဖြစ်ပါ တယ်။ မေ့ဆေးမှုတ်ပြောင်းနဲ့ဖမ်းတာ ပါ။ယခင်တုန်းကမေ့ဆေးသေနတ် အသုံး ပြုပြီး ဖမ်းပါတယ်။ ဒီဆင်ကို သာယာ ဝတီခရိုင်အတွင်းမှာရှိတဲ့ ပဲခူးရိုးမ အနောက်ဘက်ခြမ်း (မြောက်ဇာမရီ)သစ်တောကြိုးဝိုင်း ဆင်ဘေးမဲ့တောကို ပို့ဆောင်မှာဖြစ်ပါတယ်}} ဟုရှင်းပြခဲ့ ကြောင်း သိရသည်။ (ဌေးနိုင်-ဘိုကလေး
အေးချမ်းမွန် Credit To >The Mirror Daily
Post a Comment