0


တောင်ကုတ် နိုဝင်ဘာ ၈
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့နယ်ခွဲ သိမ်ကျောင်းပြင်ကျေးရွာ အနီး ချောင်းထဲမှ ပိုက်ကွန်ဖြင့် ငြိတွယ်လာသည့် ဗုံးတစ်လုံးအား မီးဖိုတွင် အပူပေးရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် သိမ်ကျောင်းပြင်ကျေးရွာ အရှေ့မြောက်ဘက် ၆ ဖာလုံခန့် အကွာ လယ်တဲတစ်လုံးတွင် ပေါက်ကွဲသံကြားရသဖြင့် လမူး ရဲစခန်းမှူးနှင့်အဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ ပူးပေါင်းကာသွားရောက် ကြည့်ရှုစစ်ဆေးရာ ဦးအောင်တင်ရွှေ (၃၈)နှစ်(လယ်လုပ်)သည် လယ်တဲနှင့် ၁၂ပေခန့်အကွာ တွင် ၀ဲဘက် ဒူးခေါင်းကြေမွ၊ မျက်လုံးနှစ်လုံးထွက်၊ တစ် ကိုယ်လုံးမီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ ဖြစ်စဉ်အား စိစစ်ရာ ဦးအောင်တင်ရွှေသည် ချောင်းအတွင်း ငါးဖမ်းစဉ် ပိုက်ကွန်ဖြင့် ငြိတွယ် ပါရှိလာသည့် ဗုံးတစ်လုံးအား သာမန်သံထည်ပစ္စည်းတစ်ခုဟု ထင်မှတ်ပြီး မီးဖိုတွင် မီးအပူပေးကာ လောင်ကျွမ်းစေရာမှ ပေါက်ကွဲမှုဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အေးချမ်းမွန် Credit To >The Mirror Daily https://www.facebook.com/excellencemedia

Post a Comment

 
Top