0

Created on Saturday, 23 November 2013 18:12 

ဟိုတယ်ကဏ္ဍတွင် နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော် မြှုပ်နှံထားမှု၏ ထက်ဝက်ခန့် ပမာဏရှိ လုပ်ငန်းများ မပြီးမြောက်သေးကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအတွင်း ပြည်ပနိုင်ငံများမှ ဒေါ်လာသန်း ၁၇၁၀ ကျော် ရင်းနှီးမြှုပ်နှံထားသော ဟိုတယ်၊ ဟိုတယ်နှင့် ဆက်စပ်သော စီးပွားရေး အဆောက်အအုံ ၃၆ ခုရှိသည့်အနက် ဒေါ်လာ ၉၀၈ သန်းကျော်ရှိ စီမံကိန်းများသာ အပြီးသတ် အကောင်အထည် ဖော်နိုင်သေးကြောင်း သိရသည်။

ယင်းသို့ ဖြစ်ပေါ်နေရခြင်းမှာ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံပြီး ဟိုတယ်စီမံကိန်းများ၌ အဆောက်အအုံ ဆောက်လုပ်ရာတွင် ခွင့်ပြုချက် အမျိုးမျိုးကြောင့် ကြန့်ကြာနေမှုများ ဖြစ်ပေါ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။
ရန်ကုန်မှာ ဆောက်နေတဲ့ ဗီယက်နမ် ဟိုတယ်ကြီးဆိုရင် မကြာသင့်ဘဲ ကြာနေတာတွေ ရှိနေတယ်။ ဒီအဆောက်အအုံတစ်ခုအတွက် ခွင့်ပြုချက် အများအပြား ယူနေရတာတွေ ကြုံတွေ့နေရတယ်လို့ သိရတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ် . . .

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ညွှန်ကြားရေးမှူး ဦးလှိုင်ဦးက "အခု ရန်ကုန်မှာ ဆောက်နေတဲ့ ဗီယက်နမ် ဟိုတယ်ကြီးဆိုရင် မကြာသင့်ဘဲ ကြာနေတာတွေ ရှိနေတယ်။ ဒီအဆောက်အအုံတစ်ခုအတွက် ခွင့်ပြုချက် အများအပြား ယူနေရတာတွေ ကြုံတွေ့နေရတယ်လို့ သိရတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်"ဟု ပြောကြားသည်။

ကျန်ရှိနေသေးသည့် ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံ ခြောက်လုံးအနက် သုံးလုံးခန့်မှာ ယခုနှစ်ပိုင်းအတွင်း အပြီးသတ် ဖွင့်လှစ်နိုင်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

လက်ရှိမြန်မာနိုင်ငံ၌ ပြည်ပမှမြှုပ်နှံထားသည့် ဟိုတယ်ကဏ္ဍရှိ စီမံကိန်းများတွင် အခန်းပေါင်း ၅၂၀၇ ခန်းသာ ရရှိထားပြီး ကျန်ရှိသည့် စီမံကိန်းများတွင် အလုံးစုံပြီးစီးခဲ့ပါက အခန်းပေါင်း ၇၀၀၀ ခန့်ရှိလာမည်ဖြစ်ကြောင်း ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

စင်ကာပူနိုင်ငံ၌ မြန်မာနိုင်ငံ၏ ဟိုတယ်ကဏ္ဍတွင် ပရောဂျက် အများဆုံးနှင့် ရင်းနှီးမြှုပ်နှံမှု အများဆုံးအဖြစ် ဒေါ်လာ ၆၇၇ သန်းကျော်ဖြင့် ရှိနေပြီး ဗီယက်နမ်မှာ ဒေါ်လာသန်း ၄၄၀ ဖြင့် ဟိုတယ်အဆောက်အအုံ တစ်ခုတည်းကို ရင်းနှီးမြှုပ်နှံထားကြောင်း၊ ယင်းနောက်တွင် ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှား၊ ဗြိတိန်နိုင်ငံအသီးသီးမှ သန်း ၇၀၀ ကျော် မြှုပ်နှံထားကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment

 
Top