Sunday, November 17, 2013
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေသည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းရှိ MITT ဆိပ်ခံတံတားတွင် ဆိုက်ကပ်ထားသော ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရေတပ်မှ စစ်ရေယာဉ် Antisubmarine ASW Ship-Admiral Vinogradov ကို သွားရောက် ကြည့်ရှုရာ ဗိုလ်မှူးကြီး Captain Alexcy V Zlovlonozhko က စစ်ရေယာဉ်နှင့် ပတ်သက်သော သမိုင်းကြောင်း၊ စစ်ရေယာဉ်၏ အကျယ်အဝန်း၊ စစ်လက်နက် ပစ္စည်းများ တပ်ဆင်ထားမှုနှင့် ပစ်ခတ်နိုင်မှု တို့ကို ရှင်းလင်း ပြသသည်။
အဆိုပါ ရုရှားဖက်ဒရေးရှင်း နိုင်ငံရေတပ်မှ စစ်ရေယာဉ်သည် အရာရှိ၊ စစ်သည် ၃၅၉ ဦးဖြင့် နိုဝင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက် ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်တွင် ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
@@@@@@ACM@@@@@@
အေးချမ်းမွန် Credit To >မြ၀တီ
Post a Comment