Home
»
ပြည်တွင်းရေး
» သတင်းမီဒီယာအချို့၏ သတင်းမှားများဖော်ပြမှုကြောင့် လားရှိုးဒေသခံများ စိုးရိမ်နေ
Thursday, November 21, 2013မေလ(၂၈)နေ့ကဖြစ်ပျက်ခဲ့သောလားရှိုးပဋိပက္ခဖြစ်ပြီးနောက်ပိုင်းတွင်အွန်လိုင်းအချို့နှင့်ဂျာနယ်အချို့တို့တွင်အချက်အလက်မှားယွင်းသောသတင်းများဖေါ်ပြပါရှိသည့်အတွက် ဘာသာတစ်ခုနှင့် တစ်ခုအကြား ယုံကြည်မှုပျက်ပြားစေပြီးပဋိပက္ခများနောက်ထပ်တဖန်ဖြစ်ပွားမှာစိုးရိမ်နေကြကြောင်း လားရှိုး ဒေသခံများက ပြောကြသည်။အဆိုပါ မီဒီယာ အချို့၏မှားယွင်းတဲ့သတင်းဖေါ်ပြ မှုများကြောင့် ရဟန်း
သံဃာတော်များနှင့်တကွ မြို့နေပြည်သူလူထုအနေဖြင့်စိတ်အနှောက်
အယှက်ဖြစ်ကာစိုးရိမ်နေကြသည့်အပေါ်စိတ္တသုခကျောင်းတိုက်မှဦးပဉ္စင်းဥူးအကုင်္ရက "ဦးဇင်းတို့လုပ်နေတဲ့လုပ်ငန်းတွေဟာအမျိုးဘာသာ သာသနာ အတွက်ဘဲလုပ်တယ် ဓမ္မ၀ိနိယနဲ့အညီပဲလုပ်တယ် တရားမဲ့လုပ်တာဘာတခုမှမရှိဘူး၊အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်တယ်ဆိုရာမှာလုံးဝအကြမ်းမဖက်မှုမပါဘူး၊ ဘယ်သူ့မှလည်းအားမပေးခဲ့ဘူး အရင်ကလည်းမီဒီယာတခုကတိုက်ခိုက်တာ ရှိတယ် ဘယ်လိုတိုက်လဲဆိုရင် စိတ္တသုခကျောင်းတိုက်ကသံဃာတော်တွေက
အစ္စလာမ်ဘာသာဝင်တွေရဲ့အိမ်တွေကိုလိုက်ဖျက်ဆီး တယ်ဆိုပြီး
တိုက်ခိုက်တာတွေရှိတယ် စိတ္တသုခကျောင်းတိုက်လို့ပါတယ် နောက်
သံဃာလို့ပါတယ်ဒီအတွက်ကျောင်းတိုက်ရဲ့ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့သက်ဆိုင်ရာမီဒီယာကိုလည်တရားစွဲမယ် ၊ သံဃာလို့ပါတဲ့အတွက် နိုင်ငံတကာအနေနဲ့မြန်မာပြည်ကသံဃာတော်တွေဟာအကြမ်းဖက်တယ်၊ပဋိပက္ခဖြစ်အောင်လှုံ့ဆော်တယ်ဆိုပြီးအထင်မှားအမြင်မှားဖြစ်စေတယ
်မီဒီယာ အနေနဲ့တာဝန်ယူမှုမရှိဘူး၊ပြန်လည်ချေပချက်မရှိဘူးဆိုရင်
ဦးဇင်းတို့ကဘောင်အတိုင်းဘဲသွားမယ် ဦးဇင်းတို့ဆိုရင်
ခြောက်ရက်လောက်အိပ်ရေးပျက်ခံပြီးပဋိပက္ခမဖြစ်အောင်အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးလုပ်ပေးပါတယ်ဦးဇင်းတို့အနေနဲ့
ရှေ့ဆက်ဘာသာရေး လုပ်ငန်းစဉ်တွေကအကြမ်းဖက်မှုနဲ့ ပဋိပက္ခမဖြစ်ပွားစေရေးကာကွယ်နှိင်ရန်အသိပညာပေးစည်းရုံးရန်၊အမျိုးဘာသာသာသနာနှင့်နိုင်ငံတော်ကိုဓမ္မ၀ိနယနှင့်အညီကာကွယ်စောင့်ရှောက်နိုင်ရေးပညာပေးဆောင်ရွက်ရန်၊အသက်(၁၅)နှစ်အောက်ကလေများကို ယဉ်ကျေးလိမ္မာသင်တန်းပွဲများပြုလုပ်၍အသက်(၁၅)နှစ်အထက် လူငယ်များကိုအသိပညာပေးဆွေးနွေးပွဲများပြုလုပ်မယ်၊နောက်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်သွားမယ်" ဟု မိန့်ကြားခဲ့သည်။
၎င်းမီဒီယာအချို့၏မှားယွင်းစွာဖေါ်ပြခဲ့သည့်သတင်းများနှင့်ပတ်သက်၍
"သတင်းမီဒီယာတွေအနေနဲ့သတင်းတခုကိုအသေအချာစီစစ်ပါ
မမှန်တဲ့သတင်းတင်လိုက်ရင်အပြန်အလှန်ယုံကြည်မှုပျက်ပြားပြီး
ကိုယ့်မြို့ကိုယ့်ရွာဘဲထိခိုက်မှာမဖြစ်စေချင်ပါဘူး၊ကျွန်တော့်ကိုလည်း ပုဂ္ဂိုလ်ရေးထိခိုက်တဲ့အရေးသားတွေပြောတာတွေရှိတယ်ဘယ်သူတွေတင်တယ်ရေးတယ်ဆိုတာတော်တော်လေးပြောဖို့ခက်ပါတယ်၊မမှန်တဲ့သတင်းတွေတင်လို့ဒီဆယ့်ခြောက်နှစ်နဲ့နှစ်ဆယ်အရွယ်ကလေးတွေကသွေးဆူလွယ်တယ်။မဖြစ်သင့်ဘူး၊ မမှန်တဲ့သတင်းတွေမတင်သင့်ဘူး၊မှန်ကန်ရင်ပြောပါ။ကျနော်တို့နဲ့တိုက်ရိုက်ဖြေရှင်လို့ရပါတယ်၊ဘာဖြစ်လို့ဘဲဆိုတော့ ကျွန်တော်တို့မြို့မှာပြဿနာမဖြစ်ရေး၊ချစ်ကြည်ရင်းနှီးရေးအတွက်ဖြေရှင်းပေးရမှာပါ"ဟု
အစ္စလာမ်ဘာသာရေးအသင်း ဥက္ကဌ ဒေါက်တာတင်အောင်က ပြောသည်။
ယင်းသို့မမှန်မကန်ရေးသားထားသောသတင်းမီဒီယာအချို့ကြောင့်လားရှိုးမြို့ရဲ့အဓိကတရားခွင်စစ်ဆေးလျှက်ရှိသောမြို့နယ်တရားသူကြီးဦးနေ၀င်းကလားရှိုးဗလီဖျက်သူတွေနဲ့အစ္စလာမ်မိဘမဲ့ဂေဟာမီးရှို့သူတွေကိုထောင်ဒဏ်(၄)လနဲ့လွှတ်လိုက်တယ်ဆိုတဲ့သတင်းကမှားနေတယ်၊ဒီအမှုတွေက မပြီးပြတ်သေးပါဘူး၊၁၄ရက်နေ့ကမှစွဲချက်တင်စစ်ဆေးနေတုန်းပါ၊
ဟု ပြောသည်။
အွန်လိုင်းနှင့်ဂျာနယ်အချို့မှသတင်းအမှားများဖေါ်ပြနေသည့်အပေါ်
ဒေသခံပြည်သူများစိုးရိမ်မကင်းဖြစ်ကာတိကျမှန်ကန်သောသတင်းများကိုသာဖေါ်ပြပေးစေလိုကြခြင်းလည်း ဖြစ်သည်။
မနုဿဇေယျာ လားရှိုး
အေးချမ်းမွန် Credit To >မြန်မာ့ခေတ် https://www.facebook.com/excellencemedia
Post a Comment