0

Sunday, November 24, 2013

သူရိယနေ၀န်းဂျာနယ်တွင် ရေးသားခဲ့သည့် ဦးတေဇနှင့် ပတ်သက်သည့်ရေးသားချက်များအပေါ် တရားစွဲဆိုမည်ဟု
ကြေညာထားချက်များ အား ရင်ဆိုင်ရန် အသင့်ရှိပြီး တရား စွဲဆိုရန်စီစဉ်သူသည် တစ်ခါတလေ တရားခံအဖြစ်သို့
ပြန်လည်ရောက်ရှိနိုင်ကြောင်း သူရိယနေ၀န်း ဂျာနယ်
အယ်ဒီတာချုပ် ဦးမိုးဟိန်းက People Power သတင်းစာသို့ ပြောကြားသည်။

ထူးကုမ္ပဏီမှ ၎င်းအားတရားစွဲဆိုရန် သက်သေများနှင့် အချက်အလက်များစုဆောင်းလျက်ရှိပြီး၊ မကြာမီတွင်
တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်း ထူးကုမ္ပဏီတွင် ၀န်ထမ်းပေါင်းများစွာခန့်အပ်ထားပြီး၊ တရားစွဲဆိုရန် အတွက် ရှေ့နေပေါင်းများစွာ လည်းရှိကြောင်း ထူး
ကုမ္ပဏီများအုပ်စု၏ ရုံးအဖွဲ့မှူးဦးညီညီအောင်မှ ပြော
ကြားထားခြင်းကို အွန်လိုင်းနှင့် ပုဂ္ဂလိကသတင်းစာ
အများစုတွင် ဖတ်ရှုပြီးဖြစ်ကာ တရားစွဲဆိုမည့်အချိန်ကို
သာလျှင် ၎င်းမှစောင့်နေခြင်းဖြစ်ကြောင်း ဦးမိုးဟိန်းက
ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ သူတို့ဘယ်လိုပဲတရားစွဲစွဲ အဆင်သင့်
ပြင်ထားတယ်။ ပြောချင်တာတစ်ခုပဲရှိတယ်။ တစ်ခါတလေ ကျရင်တရားစွဲတဲ့သူက တရားခံပြန်ဖြစ်သွားတတ်သလို၊
ရှေ့နေကလည်း တရားခံပြန်ဖြစ်သွားနိုင်တယ်လို့တော့
ကျွန်တော်ပြော ချင်ပါတယ်”ဟု ဦးမိုးဟိန်းမှ ထပ်မံ အတည်ပြုပြောကြားသည်။

ယခုကဲ့သို့ရေးသားခြင်းမှာ ဦးမိုးဟိန်းအနေနှင့် ပြည်သူ
လူထုများအတွက် အလုပ်လုပ်နေခြင်းဖြစ်ကြောင်း၊ ၎င်း
တို့ဘက်မှ တရားစွဲဆိုမည့်အပေါ် မိမိအနေဖြင့် အဆင့်သင့်
ပြင်ထားပြီးဖြစ်ကြောင်း မိမိ၏လမ်းအားမိမိလျှောက်နေကြ
သူများဖြစ်သည့် အတွက် ၎င်းအနေနှင့် ရေးသင့်ရေးထိုက်
ပြောသင့်ပြောထိုက်သည်များကို ပြောကြားမည်ဖြစ်ကြောင်း၊ ယင်းသို့ပြောကြားခြင်း များမှာ ကိုယ့်အလုပ် ကိုယ်လုပ်နေခြင်း သာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ကျွန်တော့်ကိုတရားစွဲမယ်ဆိုတော့ ကျွန်တော်တစ်ခုတော့
ပြောချင်တယ်။ သူ့ကိုပြည်သူတွေဘက်ကနေ တရားစွဲလို့
ရတာ အများကြီးရှိပါ သေးတယ်”ဟု ၎င်းကဖြည့်စွက်ပြော
ကြားသည်။

နိုဝင်ဘာလ ၂၃ရက်နေ့ထုတ် သူရိယနေ၀န်းဂျာနယ်တွင်
ဦးတေဇနှင့် စိန်စီသောညများ၊ မင်းတို့ခရိုနီတွေ ဘင်္ဂလား
ပင်လယ်အော်သို့ ခုန်ချကြ ပေတော့ဟု ရေးသားဖော်ပြ
ခြင်းအား တရားစွဲဆိုသွားမည်ဟု ထူးကုမ္ပဏီများအုပ်စု၏
ရုံးအဖွဲ့မှူး ဦးညီညီအောင်မှ ပြောကြားခဲ့ပြီး ယခုအချိန်ထိ သူရိယနေ၀န်းအယ်ဒီတာချုပ် ဦးမိုးဟိန်းဆီသို့ တရားရုံးမှ ဆင့်ခေါ်စာများ၊ ရှေ့နေမှစာပို့ခြင်းများ မရှိသေးကြောင်း၊
ယခုကဲ့သို့ တရားစွဲဆိုမှု အပေါ် ဦးမိုးဟိန်းမှ ရင်ဆိုင်ရန် အဆင်သင့် ပြင်ဆင်ထားကြောင်း ဦးမိုးဟိန်းက
ဆက်လက်ပြောကြားသည်။

ရေးသားသူ-ဇော်မျိုး
တည်းဖြတ်-အေးငြိမ်းသူ

People power

အေးချမ်းမွန် Credit To >ခေတ်သတင်း
2

Post a Comment

 
Top